Samsung Galaxy S21 Series ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များစွာ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုလည်း ရိုးရိုး Galaxy S21 ရဲ့ တရားဝင်လို့ထင်ရတဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြန်ပါတယ်။

Samsung Galaxy S21 official renders

ပန်းရောင် မော်ဒယ်မှာ ကင်မရာ Cutout အတွက်လည်း ပန်းရောင်နဲ့ ခြယ်သထားတာ မြင်ရပါတယ်။ ဘေးဘက်က ဖရိမ်တွေအထိ ပန်းရောင်နဲ့ အလှဆင်ထားပါတယ်။ ခရမ်းရောင် မော်ဒယ်မှာလည်း ပန်းရောင် ဖရိမ်နဲ့ ပန်းရောင် ကင်မရာ Cutout တွေကို မြင်ရပါတယ်။ အဖြူနဲ့ အညိုရင့်ရောင် မော်ဒယ်တွေမှာတော့ ကင်မရာ Cotout တွေကို အဲဒီ အရောင်တွေနဲ့ပဲ ခြယ်သထားပါတယ်။

Purple Galaxy S21 side frame

Galaxy S21 မှာ 128GB နဲ့ 256GB Storage Version တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ဥရောပနဲ့ အိန္ဒိယ မော်ဒယ်တွေမှာ Exynos 2100 Chipset ၊ တခြား နိုင်ငံတွေမှာ Snapdragon 888 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၃ လက်မ ဖြစ်နိုင်ပြီး မျက်နှာပြင် ဘေးဘောင်တွေက အရမ်းကို ပါးလွှာ လှပမှာပါ။

အနောက်ဘက်မှာ 12MP ကင်မရာ ၂ လုံး ( Regular Wide နဲ့ Ultrawide) နဲ့အတူ 64MP Telephoto (3x Optical Zoom) ထည့်သွင်းထားမှာပါ။ 128GB Version ကို ဥရောပမှာ ယူရို ၈၄၉ နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၁၄ သိန်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena