Samsung ဟာ သူ့ရဲ့ Flagships စီးရီးသစ်ဖြစ်တဲ့ Galaxy S21 မိသားစုကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်မှာ မိတ်ဆက်ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအတွက် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ ဈေးကွက်အမျိုးမျိုးမှာ လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ရယူရဦးမှာ ဖြစ်ပါတယ်။

Vanilla Galaxy S21 နဲ့ပတ်သက်ပြီး နောက်ဆုံးပေါ်ထွက်လာတဲ့ Certification ကတော့ FCC ဆီကပဲဖြစ်ပါတယ်။ ကုဒ်နာမည် SM-G991U နဲ့အတူ တွေ့မြင်ရတာက 25W ကြိုးတပ်အားသွင်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ စိတ်ဝင်စားစရာကောင်းတာက နောက်ထပ်အားသွင်းစနစ်တစ်ခုရဲ့ နှုန်းထားဖြစ်ပါတယ်။ ဒါကတော့ S21 မှာထောက်ပံ့ထားတဲ့ Reverse wireless charging စနစ်ပါ။

Listing မှာဖော်ပြထားတာက Galaxy S21 မှာ 9W reverse wireless charging ထောက်ပံ့ထားမယ်ဆိုတာပါ။ ဒီပမာဏဟာ ပြီးခဲ့တဲ့ Galaxy S20 နဲ့ယှဉ်ရင် နှစ်ဆတိုးလာတယ်လို့ ဆိုရပါလိမ့်မယ်။ Equipment တစ်ခုလုံးကို FCC က အသိအမှတ်ပြုထားပြီး၊ Charger နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့လည်း ပါဝင်ပါတယ်။

EP-TA800 adapter ကိုလည်း US regulatory က အသိအမှတ်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Charger ဟာ Galaxy S21 နဲ့အတူ ဘူးထဲမှာပါလာမယ်၊ မပါလာဘူးဆိုတာကတော့ မသိရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ Samsung ကလည်း Apple ခြေရာကိုနင်းဖို့ပြင်ဆင်နေပြီး၊ ဈေးကွက်အချို့မှာပဲ Charger တွေပါဝင်လာဖွယ်ရှိတာ ဖြစ်ပါတယ်။

ကနဦးပေါက်ကြားချက်တွေအရ Samsung Galaxy S21 မှာ Snapdragon 888 chipset အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားမယ်လို့ သိရပါတယ်။ 6.3-inch မျက်နှာပြင်ဟာ 120Hz refresh rate ကို ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena