Samsung Galaxy S21 FE 5G ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Samsung Colombia Website မှာ Official Case တွေကို တင်ထားပါတယ်။ Galaxy S21 FE ကို ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာနိုင်ပြီး မကြာခင် ကျင်းပတော့မယ့် Consumer Electronics Show (CES) 2022 မှာ ပြသနိုင်ပါတယ်။

Samsung Galaxy S21 FE silicone cover

အထက်ပါ ဓါတ်ပုံအရ Samsung Colombia ဟာ S21 FE အတွက် Case နဲ့ Cover မျိုးစုံကို ရောင်းချမှာ ဖြစ်ပါတယ်။ ဆီလီကွန် Cover ၊ အကြမ်းခံ Cover နဲ့ ပရီမီယမ် Cover အကြည်တွေကို S21 FE အတွက် ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Samsung Galaxy S21 FE standing rugged cover

ပေါက်ကြားသတင်းတွေအရ Galaxy S21 FE မှာ ၆.၄၁ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာနိုင်ပါတယ်။ ဆဲလ်ဖီး အတွက် 32MP ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ OIS Support ပါတဲ့ 12MP Main , 12MP Superwide Lens နဲ့ 8MP Telephoto ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

နိုင်ငံအပေါ်မူတည်ပြီး S21 FE မှာ Exynos 2100 သို့မဟုတ် Snapdragon 888 Chipset မောင်းနှင်ထားနိုင်ပါတယ်။ 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage အထိ ထုတ်လုပ်ထားမှာ ဖြစ်ပြီး လုံခြုံရေးအတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။

S21 FE မှာ 4,500mAh ဘက်ထရီ ၊ 25W Fast Charging ၊ Wireless Charging နဲ့ Reverse Wireless Charging  ပါလာနိုင်ပြီး မကြာခင်က ထွက်လာတဲ့ဓါတ်ပုံတွေအရ Black , Cream , Lavender နဲ့ White အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gizmochina