Samsung ဟာ Galaxy S21 FE (Fan Edition) ကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုတော့ MyFixGuide က အဲဒီ စမတ်ဖုန်းကို FCC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင် ရောင်းချတော့မယ်လို့ သတင်းပေးလာပါတယ်။

Samsung Galaxy S21 FE certified by FCC with 45W fast charging

FCC မှာ မော်ဒယ်နံပါတ်က ၂ မျိုး ဖြစ်ပြီး SM-G990U နဲ့ SM-G990U1 တို့ ဖြစ်ကြပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Samsung ရဲ့ Charger ၂ ခု ဖြစ်တဲ့ EP-TA800 (25W) နဲ့ EP-TA845 (45W) တို့နဲ့တွဲဖက် အသုံးပြုလို့ရမလားဆိုတာ မသိရသေးပါဘူး။ အရင်သတင်းတွေအရ ဘူးထဲမှာ အဲဒီ Charger တွေ ပါလာမှာ မဟုတ်ပါဘူး။

Samsung Galaxy S21 FE certified by FCC with 45W fast charging

အရင်က Galaxy S21 FE ကို Geekbench မှာ တွေ့ခဲ့ရပြီး 8GB RAM နဲ့ Snapdragon 888 Chipset တွေ ထည့်သွင်းထားပါတယ်။ မတူညီတဲ့ အရောင်များစွာ ထုတ်လုပ်ထားတာကို အရင်က ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေမှာ မြင်ရပြီး အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပေမယ့် ကင်မရာ ဒီဇိုင်းက Galaxy S21 Series နဲ့ တူညီပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Galaxy S21 FE render

ပေါက်ကြားသတင်းတွေအရ Galaxy S21 FE မှာ ၆.၄၁ လက်မ Super AMOLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 120Hz Refresh Rate ကြောင့် ဂိမ်းကစားရင် အရမ်းမိုက်မှာပါ။ Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး တန်ဖိုးနည်း စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်မှာပါ။ လာမယ့် လအနည်းငယ်အတွင်း ရောင်းချနိုင်ပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena