Samsung Galaxy S21 FE ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမ အပတ်ထဲမှာ ကြေညာနိုင်တယ်ဆိုတဲ့  သတင်းများစွာပေါက်ကြားနေပါတယ်။ ဒါပေမယ့် အခုတော့ နာမည်ကျော် Tipster ၁ ယောက် ဖြစ်တဲ့ Evan Blass က အဲဒီလ ဒုတိယအပတ်ထဲ ကြေညာနိုင်တယ်လို့ သတင်းပေးလာပါတယ်။ Samsung ကတော့ အဲဒီ စမတ်ဖုန်း ကြေညာမယ့် နေ့ကို တရားဝင် မပြောသေးပေမယ့် အဓိက Specs တွေနဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။

Blass က Galaxy S21 FE ရဲ့ ဓါတ်ပုံ အသစ်တွေကို မျှဝေထားပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ကို ဖော်ပြထားပါတယ်။ အဲဒီနေ့ဟာ Galaxy S21 FE ကြေညာမယ့် နေ့ ဖြစ်နိုင်ပြီး ဓါတ်ပုံအရ အမေရိကန်မှာ AT&T ရဲ့ 5G ကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။

A veteran leaker may have just revealed the Galaxy S21 FE launch date

ပေါက်ကြားသတင်းတွေအရ Galaxy S21 FE အတွက် 6GB RAM/128GB Storage နဲ့ 8GB RAM/256GB Storage တွေ ထုတ်လုပ်ထားနိုင်ပြီး ပထမမော်ဒယ်ကို အမေရိကန်မှာ ၆၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ကာ မြန်မာငွေ ၁၂ သိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။

Galaxy S21 FE ရဲ့ Specs များစွာ ပေါက်ကြားထွက်ပေါ်နေပြီး ၆.၄၁ လက်မ AMOLED FHD+ 120Hz မျက်နှာပြင်ပါလာနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်နိုင်ပြီး အနောက်ကင်မရာတွေက 12MP Main (OIS) , 12MP Ultrawide နဲ့ 8MP Telephoto တွေ ဖြစ်နိုင်ပါတယ်။ နိုင်ငံအပေါ်မူတည်ပြီး Snapdragon 888 သို့မဟုတ် Exynos 2100 Chipset တွေ ထည့်သွင်းထားနိုင်ပါတယ်။

25W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပြီး Wireless Charging နဲ့ Reverse Wireless Charging တွေ ပါလာနိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာနဲ့ IP68 ရေစိုခံစံနှုန်းတွေ ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gizmochina