Samsung Galaxy S21 FE or Galaxy S21 Fans Edition ကို အခုအချိန်မှာ ကြေညာဖို့သင့်လောက်ပါပြီ။ ဒါပေမယ့် အကြောင်းမျိုးစုံကြောင့် Samsung ဟာ အဲဒီ စမတ်ဖုန်းကို ကြေညာဖို့ နှောင့်နှေးနေပါတယ်။ အခုတော့ SamMobile ရဲ့ သတင်းအရင်းအမြစ်အရ ဆိုရင် မကြာခင် တရားဝင် ချပြတော့မှာ ဖြစ်ပါတယ်။

Samsung Galaxy S21 FE smartphone to reportedly launch at CES 2022 -  Gizmochina

SamMobile က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း Las Vegas မှာ ကျင်းပမယ့် CES (Consumer Electronic Show) မှာ Samsung Galaxy S21 FE ကို ကြေညာမယ်လို့ သတင်းပေးလာပါတယ်။ အရင်ကသတင်းတွေအရ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သိခဲ့ရတဲ့အတွက် အချိန် သိပ်မကွာခြားပါဘူး။

Samsung Galaxy S21 FE will reportedly launch at CES 2022

SamMobile က CES ပွဲမှာ ပြိုင်ဖက်များများစားစား မရှိမယ့်အတွက် Samsung Galaxy S21 FE ကို အဲဒီပွဲမှာ ကြေညာတာ သင့်တော်တယ်လို့ သုံးသပ်ပါတယ်။ CES မှာ အများစုဟာ Concept Consumer Electronics တွေကိုပဲ ကြေညာလေ့ရှိကြပါတယ်။

Samsung Galaxy S21 FE ရဲ့ Specs အပြည့်အစုံဟာ တရုတ်က TENAA မှာ ဇူလိုင်လက ထွက်ပေါ်လာခဲ့တဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ အဲဒီတုန်းက ထင်ခဲ့ကြပါတယ်။ စက်တင်ဘာလ အစောပိုင်းတုန်းကတော့ အဲဒီ စမတ်ဖုန်းကို အောက်တိုဘာလမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် သတင်းထွက်ခဲ့သလို မဖြစ်လာခဲ့ပါဘူး။ ဒါ့အပြင် Samsung ဟာ Galaxy S21 FE ကို မထုတ်လုပ်တော့ဘူးလို့ သတင်းထွက်ခဲ့ပါသေးတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို တရားဝင် မြင်ရဖို့ ရှိလာတဲ့ သတင်းထွက်လာတာပါ။

Ref : gsmarena