Samsung ဟာ Galaxy S21, Galaxy S21+ နဲ့  Galaxy S21 Ultra တို့ကို လာမယ့်လအနည်းငယ်အတွင်း ကြေညာတော့မှာပါ။ ပြီးခဲ့တဲ့ လက အဲဒီဖုန်းတွေရဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့ပြီး အခုတော့ အသေးစိတ် Specs တွေ ပေါက်ကြားလာပါတယ်။ S21 နဲ့ S21+ တို့မှာ FHD+ Infinity-O မျက်နှာပြင်နဲ့ S21 Ultra မှာ Quad HD+ မျက်နှာပြင်တွေ ထည့်သွင်းထားမှာပါ။ ဖုန်း အားလုံးမှာ နိုင်ငံအပေါ်မူတည်ကာ Snapdragon 875 or Exynos 2100 SoC တွေ မောင်းနှင်ထားနိုင်ပါတယ်။

S21 Ultra အတွက် S Pen ပါလာနိုင်ပေမယ့် Slot တော့ မပါလာနိုင်ဘူးလို့ သတင်းထွက်နေပါတယ်။ Samsung ဟာ S Pen ထည့်နိုင်တဲ့ Case ကို သီးခြားထုတ်လုပ်ရောင်းချနိုင်ပါတယ်။ S21 နဲ့ S21+ မှာ 12MP + 12MP (UW) + 64MP (Telephoto) အနောက်ကင်မရာ ၃ လုံးနဲ့ S21 Ultra မှာ 108MP + 12MP (UW) + 10MP (3x Telephoto) + 10MP (10x Periscope) အနောက်ကင်မရာတွေနဲ့အတူ Laser Autofocus နဲ့ 100x Space Zoom တွေ ပါလာမှာပါ။ S21 အနောက်ဘက်ကို ပလတ်စတစ်၊ S21 Ultra အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားနိုင်ပြီး S21+ သတင်းကို မသိရသေးပါဘူး။

Samsung Galaxy S21, Galaxy S21+ and Galaxy S21 Ultra rumoured specifications

S21 – 6.2-inch FHD+ Infinity-O LTPS Display, 120Hz refresh rate

S21+ – 6.7-inch FHD+ Infinity-O LTPS Display, 120Hz refresh rate

S21 Ultra – 6.8-inch Quad HD+ LTPO Dynamic AMOLED Display, 1-120Hz refresh rate, up to 1600 nits brightness, 3,000,000:1 contrast ratio

Octa-Core Qualcomm Snapdragon 875 Mobile Platform / Octa-Core Samsung Exynos 2100 processor

Android 11 with One UI 3.1

S21 and S21+ – 12MP rear camera with LED Flash, 12MP Ultra Wide sensor, 64MP Telephoto lens, 4K 60 fps, 8K 30fps

S21 Ultra – 108MP rear camera with LED Flash, OIS, 12MP Ultra Wide sensor, 10MP Telephoto lens for 3x zoom, 10MP Periscope lens for 10x zoom, 100x Space Zoom, Laser autofocus, 4K 60 fps, 8K 30fps

5G SA/NSA, 4G VoLTE, Wi-Fi 6 802.11ax (2.4/5GHz) / Wi-Fi 6E (S21 Ultra), Bluetooth 5.1, UWB (S21+ & S21 Ultra), GPS + GLONASS, USB 3.1, NFC, MST

4000mAh (S21) / 4800mAh (S21+) / 5000mAh (S21 Ultra) battery with fast charging

S21 အတွက် Phantom Violet, Phantom Pink, Phantom Gray , Phantom White ၊ S21+ အတွက် Phantom Silver, Phantom Black,  Phantom Violet နဲ့ S21 Ultra အတွက် Phantom Silver , Phantom Black အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ မကြာခင်က သတင်းအရ S21 Series ကို ၂၀၂၁ ဇန်နဝါရီလမှာ ကြေညာမယ်လို့ သိရပါတယ်။

Ref : fonearena