Samsung ဟာ Galaxy S21 Series ကို နောက်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တရားဝင် ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ Samsung ကတော့ အခုထက်ထိ မိတ်ဆက်ပွဲ ပြုလုပ်မယ့် နေ့ကို မပြောသေးပါဘူး။ အခုတော့ ရိုးရိုး မော်ဒယ် ဖြစ်တဲ့ Galaxy S21 ကို အိန္ဒိယက Bureau of Indian Standards (BIS) မှာ မှတ်ပုံတင်လိုက်တဲ့အတွက် တောင်ကိုရီးယား နည်းပညာ ဘီလူးကြီးဟာ အရင်မျိုးဆက်တွေထက် စောစွာ Galaxy S21 Series တွေကို ကြေညာမယ်ဆိုတာ ပိုသေချာလာပါပြီ။

အရင်ထွက်ခဲ့တဲ့ ပေါက်ကြား သတင်းတွေအရ Galaxy S21 Series ထဲမှာ Galaxy S21, Galaxy S21+ နဲ့ Galaxy S21 Ultra စမတ်ဖုန်း ၃ လုံး ပါဝင်မယ်လို့ သိရပါတယ်။ အရင်မျိုးဆက်တွေလိုပဲ နိုင်ငံအပေါ် မူတည်ပြီး Exynos or Snapdragon Chipset တွေ ထည့်သွင်းထားမှာ သေချာပါတယ်။

ပေါက်ကြား Specs တွေအရ ရိုးရိုး မော်ဒယ် Galaxy S21 ဟာ အားလုံးထဲမှာ အရွယ်အစား အသေးဆုံး ဖြစ်ပြီး ၆.၂ လက်မ ဖြစ်ပါတယ်။ ဒါပေမယ့် Plus နဲ့ Ultra မော်ဒယ်တွေမှာလိုပဲ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Galaxy S21 Series ရဲ့ Specs Sheet ကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena