Samsung Galaxy S21 Series ကို လာမယ့် ၁၄ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းတွေကို ကြော်ငြာမယ့် ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အရင် ပေါက်ကြားခဲ့တဲ့ ဒီဇိုင်းတွေနဲ့ တူညီနေပြီး တခြား သတင်းအချက်အလက် အသစ်တွေ မပါလာပါဘူး။

Samsung Galaxy S21 series marketing renders surface ahead of launch

Galaxy S21 , S21+ နဲ့ S21 Ultra အားလုံးမှာ Punch Hole မျက်နှာပြင် ထည့်သွင်းထားပါတယ်။ S21 နဲ့ S21+ မှာ အနောက်ကင်မရာ ၃ လုံးနဲ့ S21 Ultra မှာ အနောက်ကင်မရာ ၄ လုံး ပါလာပြီး Ultra မှာ Laser AF ၁ လုံး အပို ထည့်သွင်းထားပါတယ်။

Samsung က Galaxy S21 Series ရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပေမယ့် ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့အတွက် ဖုန်း ဒီဇိုင်းတွေကို တော်တော်တောင် ရင်းနှီးနေကြပါပြီ။ မနေ့ကပဲ အဲဒီ ဖုန်းတွေအတွက် စုစုပေါင်း အရောင် ၁၁ မျိုး ထုတ်လုပ်ထားမယ်လို့ သတင်းထွက်လာခဲ့တဲ့အတွက် User တွေအတွက် ရွေးချယ်စရာ တော်တော်များမှာပါ။

ဒါ့အပြင် Galaxy S21 နဲ့ S21+ မှာ microSD Card Slot မပါဘဲ S21 Ultra မှာပဲ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ နိုင်ငံအပေါ် မူတည်ကာ S21 Series တွေမှာ Qualcomm Snapdragon 888 Chipset သို့မဟုတ် Exynos 2100 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Ref : gsmarena