Galaxy S21 တွေရဲ့ ကင်မရာတွေနဲ့ပတ်သက်ပြီး ပေါက်ကြားသတင်းတွေလည်း အတော်များများ ထွက်ခဲ့ပြီးပါပြီ။ ဒီတစ်ကြိမ်မှာတော့ Evan Blass က Galaxy S21 စီးရီးရဲ့ ကင်မရာတွေအကြောင်းကို အချီကြီး ဖွင့်ချပြသသွားခဲ့တာပါ။ Evan Blass မျှဝေသွားတာက Official infographics တွေပဲ ဖြစ်ပါတယ်။

Evan Blass မျှဝေလာတဲ့ Infographics ဟာ တရားဝင်ဖြစ်ပေမယ့် အီတလီဘာသာနဲ့ ရေးသားထားတာတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Samsung Galaxy S21 တွေရဲ့ ကင်မရာတည်ဆောက်ပုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ ဖော်ပြနိုင်တာကြောင့် ဘာသာစကားက ပြဿနာမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

Galaxy S21 တွေရဲ့ ကင်မရာတည်ဆောက်ပုံတွေဟာ အဆင့်မြင့်လာတာကို တွေ့မြင်နိုင်ပါတယ်။ အကြီးမားဆုံးတိုးတက်မှုလို့ ဆိုရမှာက Galaxy S21 Ultra ရဲ့ သမားရိုးကျ Telephoto lens ကို Periscope modules နဲ့ တွေ့မြင်ရခြင်းပဲ ဖြစ်ပါတယ်။ Focal length တွေကိုတော့ ဖော်ပြထားတာမတွေ့ရပေမယ့် Periscope ကတော့ 10x magnification ရှိမယ်လို့ မျှော်လင့်ရပါတယ်။

Darker aperture ကို ရှင်းပြရာမှာ S20 Ultra က 4x periscope မှာ f/3.5 aperture ရှိကြောင်းတွေ့ရပါတယ်။ ဒါဟာ 5x magnification နဲ့ f/3.0 aperture ရှိတဲ့ Note20 Ultra ထက် ပိုပြီးတိုးတက်လာတာလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒုတိယ Tele lens ကတော့ 3x magnification ကို ပေးမှာ ဖြစ်ပါတယ်။

Infographic မှာ Sensor type ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါတာကိုလည်း တွေ့ရပါတယ်။ 108MP ကင်မရာဟာ မျိုးဆက်သစ် Sensor ရရှိဖွယ်ရှိပါတယ်။ HM2 ဒါမှမဟုတ် ကောလာဟလတွေအရဆိုရင် တရားဝင်မကြေညာရသေးတဲ့ HM3 လည်း ဖြစ်နိုင်ပါတယ်။ Samsung Galaxy S21 နဲ့ S21+ တို့ဟာ S20 ကင်မရာတွေရဲ့ Resolution နဲ့ Aperture တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ထင်ရှားတဲ့ခြားနားချက်က S20+ ရဲ့ DepthVision module ပျောက်ကွယ်သွားခြင်း ဖြစ်ပါတယ်။ Ultra ကတော့ Snapdragon 888 နဲ့ Exynos 2100 တို့လို Chipset တွေနဲ့ မျိုးဆက်သစ် Flagships sensors သစ်ကြောင့် ပုံရိပ်အရည်အသွေးမှာ ပိုပြီးကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ Samsung ဟာ Galaxy S21 စီးရီးကို ဇန်နဝါရီလ ၁၄ ရက်မှာ တရားဝင်မိတ်ဆက်မှာ ဖြစ်ပါတယ်။

Ref: GSM Arena