အခုဆိုရင် Google ကနေ Android 12 Stable Update ကို Pixel ဖုန်းတွေအတွက် ထုတ်ပေးခဲ့တာ အချိန်တစ်လကျော်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကတော့ Android 12 Stable Update ကို လက်ရှိအချိန်အထိ မထုတ်ပေးနိုင်သေးဘူးဖြစ်ပါတယ်။

ဒါပေမယ့် Samsung ဟာ အစောပိုင်းထဲက Android 12 ကို အခြေခံထားတဲ့ One UI 4 ကို စမ်းသပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Galaxy S21 Series ဖုန်းတွေအတွက် Android 12 ကို အခြေခံထားတဲ့ One UI 4 Stable Update ကိုထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ တခြားသော Android ဖုန်းတွေနဲ့ယှဥ်ရင် Update ရရှိမှုအပိုင်းမှာ အလွန်မြန်ဆန်လာတယ်လို့တောင် ပြောလို့ရပါတယ်။

အခု One UI 4 Update ကို Samsung Galaxy S21 Series ဖုန်းတွေဖြစ်တဲ့ Galaxy S21 ၊ S21+ နဲ့ S21 Ultra ဖုန်းတွေရရှိမှာဖြစ်ပြီး ဘယ် Region ကို အရင်ဆုံးထုတ်ပေးထားတယ်ဆိုတာကိုလည်း ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် တခြားသော Region တွေအနေနဲ့ Update ရရှိဖို့အတွက် ရက်ပိုင်းခန့် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

နောက်ထပ်လည်း Samsung ကနေ Galaxy Watch Series တွေဖြစ်တဲ့ Galaxy Watch ၊ Watch Active ၊ Watch Active2 နဲ့ Watch 3 တွေအတွက်ပါ Software Update အသစ်ထုတ်ပေးသွားဖို့ရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Android 12 ကို အခြေခံထားတဲ့ One UI 4 Update ဟာ Material You ပုံစံ Theme Color Palette တွေကို Support ပြုလုပ်လာမှာဖြစ်သလို Mic ၊ Camera Permission အသစ်တွေ၊ Privacy Dashboard လိုမျိုး Feature တွေ အပြည့်အစုံပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena