Samsung ဟာ ဒီနှစ်ထဲမှာ စွမ်းရည်မြင့် ဖုန်းတွေ ကြေညာတာ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် နောက်နှစ်ထွက်မယ့် စွမ်းရည်မြင့် Galaxy S Series တွေရဲ့ သတင်းတွေ စတင်ထွက်ပေါ်နေပြီ ဖြစ်ပြီး Galaxy S21 နာမည်နဲ့ ပွဲထွက်လာနိုင်ပါတယ်။ အခုလည်း Galaxy S21 Ultra ရဲ့ အနောက်ကင်မရာ ၅ လုံးထဲမှာ Samsung ရဲ့ HM2 108MP Main ကင်မရာ ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

အဲဒီဖုန်းဟာ 1080p 240fps , 4K 120fps နဲ့ 8K 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ 1440p မျက်နှာပြင်မှာ 120Hz or 144Hz Refresh Rate တွေ ထောက်ပံ့ထားနိုင်ပါတယ်။

ဒါတင် မကသေးပါဘူး။ Galaxy S21 Ultra မှာ 5,000mAh ဘက်ထရီနဲ့ 65W Fast Charging တွေ ထည့်သွင်းထားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ Samsung ဟာ 65W Charging ကို ဖန်တီးနေတဲ့ သတင်းထွက်ခဲ့ဖူးပါတယ်။ အရင်ကတော့ 60W Charging ပါလာမယ်လို့ သိခဲ့ရပြီး မကြာခင်ကတော့ Samsung ဟာ တရုတ် အခြေစိုက် Amperex Technology Limited (ATL) ကနေ ဘက်ထရီတွေ ဝယ်သုံးမယ်လို့ သိခဲ့ရပါတယ်။

Samsung ဟာ Galaxy S21 Series ထဲမှာ Galaxy S21, S21 Plus နဲ့ S21 Ultra ၃ လုံး ထုတ်လုပ်ထားနိုင်ပြီး Snapdragon 875 or Exynos 2100 Chipset တွေ ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ ဖုန်းတွေကို တရားဝင် မြင်ရဖို့ လတော်တော်ကြာဦးမှာ ဖြစ်တဲ့အတွက် ဒီကြားထဲမှာ သတင်းအချက်အလက်တွေ ပိုသိလာရဦးမှာပါ။

Ref : gizmochina