Samsung ဟာ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Galaxy S21 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပြီး အခုအချိန်မှာဆိုရင် Specification တွေအပြင် Official Render ဓါတ်ပုံတွေပါ ပေါက်ကြားနေပြီဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Galaxy S21 Series ထဲက S21 Ultra ကို Pre-order မှာယူမယ်ဆိုရင် ရရှိမယ့်လက်ဆောင်တွေပါ ပေါက်ကြားလာပါပြီ။

ယခုသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass ကနေ ပြောကြားခဲ့တာဖြစ်ပြီး Galaxy S21 Ultra ကို Pre-order ဝယ်ယူတဲ့သူတွေအနေနဲ့ Galaxy Buds Pro Wireless Earbuds အပြင် Galaxy SmartTag Tracker ကိုပါ လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ Galaxy S21 နဲ့ S21+ ကို ဝယ်ယူမယ်ဆိုရင် ရရှိမယ့်လက်ဆောင်တွေကိုတော့ မသိရှိရသေးပါဘူး။

Samsung Galaxy Buds Pro ဟာ လက်ရှိ Samsung ရဲ့ Galaxy Buds Series True Wireless Earbuds တွေထဲမှာ အကောင်းဆုံးဖြစ်လာမှာဖြစ်ပြီး Active Noise Cancellation (ANC) Feature အပါအဝင် Ambient Mode နဲ့ Speech Detection လိုမျိုး Feature တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ Galaxy Buds Live မှာ ANC Feature ကို စတင်ထည့်သွင်းခဲ့တာဖြစ်ပေမယ့် Galaxy Buds Pro မှာ Silicon Eartips တွေကိုအသုံးပြုလာမှာဖြစ်တဲ့အတွက် Quality ပိုင်းမှာ ပိုပြီးကောင်းမွန်မယ်လို့ ယူဆရပါတယ်။

နောက်ထပ် Galaxy SmartTag ကတော့ ပစ္စည်းတွေကို ဘယ်နေရာမှာ ကျန်ခဲ့သလဲဆိုတာကို လိုက်ပြီး Tracking ပြုလုပ်နိုင်မယ့် Bluetooth Tracker ဖြစ်လာဖွယ်ရှိပါတယ်။ အဆိုပါ Samsung SmartTag ဟာ Ultrawide Band (UWB) နည်းပညာကိုလည်း Support ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဘယ်လိုမျိုး Feature အသစ်တွေပါဝင်မလဲဆိုတာကတော့ မိတ်ဆက်တဲ့အချိန်မှပဲ သိရှိရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S21 Series ဖုန်းတွေဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ လကုန်အထိ Pre-order ရယူနိုင်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့နောက်ပိုင်းမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့လည်း ယခင် Galaxy S20 Series ဖုန်းတွေထက်တောင် ပိုပြီး သက်သာမယ်လို့ သတင်းထွက်ပေါ်ထားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Giz China