Samsung ဟာ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သူ့ရဲ့ Flagship စီးရီးဖြစ်တဲ့ Galaxy S21 တွေကို မိတ်ဆက်ဖို့ ကြံရွယ်နေပုံရပါတယ်။ ထုံးစံအတိုင်းပဲ လွန်ခဲ့တဲ့လတွေကတည်းက ဒီစီးရီးနဲ့ပတ်သက်တဲ့ သတင်းပေါက်ကြားမှုတွေက ဖြစ်ပေါ်နေခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ Galaxy S21, S21+ နဲ့ S21 Ultra တို့ရဲ့ Specs အတော်များများကို သိပြီးနေကြပါပြီ။

အခုတော့ Samsung Galaxy S21 Ultra ကို Geekbench မှာတွေ့မြင်လာရတဲ့အတွက် အချို့ အချက်အလက်တွေကိုလည်း အတည်ပြုလာနိုင်ပြီ ဖြစ်ပါတယ်။ Galaxy S21 Ultra ဟာ Samsung ရဲ့ ကိုယ်ပိုင် Exynos 2100 chipset နဲ့ ထွက်လာတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဥရောပဈေးကွက်တွေမှာ ဒီ SoC နဲ့ပဲ ရောင်းချသွားဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် SM-G998B နဲ့ ဟန်းဆက်ဟာ Single-core ရမှတ် 1,006 မှတ်နဲ့ Multi-core ရမှတ် 3,059 မှတ် ရထားတာကို တွေ့မြင်ရပါတယ်။ CPU ရဲ့ Base frequency 2.21 GHz ဖြစ်ပြီး Cortex-A55 cluster နဲ့ပါ။ ရမှတ်တွေကို S21 ရဲ့ Snapdragon 888 ဗားရှင်းနဲ့ နှိုင်းယှဉ်တဲ့အခါ အနည်းငယ်သာကွာဟတာကို တွေ့ရပါတယ်။

Galaxy S21 Ultra မှာ 12GB of RAM တပ်ဆင်ထားပြီး Android 11 မောင်းနှင်ထားတာ ဖြစ်ပါတယ်။ ကနဦးပေါက်ကြားမှုတွေအရ 108MP ကင်မရာအပါအဝင် ကင်မရာ ၅ လုံးနဲ့ 65W Fast Charging ပါလာမယ်လို့ သိရပါတယ်။  မျက်နှာပြင်ကတော့ 6.8-inch Quad HD+ AMOLED အမျိုးအစားဖြစ်ပြီး 120Hz refresh rate ကို ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

Ref: GSM Arena