လွန်ခဲ့တဲ့ အောက်တိုဘာလကုန်တုန်းက Samsung Galaxy S21 Ultra ရဲ့ Render သစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ Render သစ်အရ Galaxy S21 Ultra ဟာ ကျောဘက်မှာ ကင်မရာငါးလုံးတပ်ဆင်ထားဖွယ်ရှိတယ်လို့ သုံးသပ်ယူဆခဲ့ပါတယ်။ အခုတော့ S21 Ultra ရဲ့ ကင်မရာတွေအကြောင်း အသေးစိတ်ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။


နာမည်ကျော် Leakster Ice Universe က Samsung Galaxy S21 Ultra ရဲ့ ကျောဘက်မှာ ကင်မရာငါးလုံးတပ်ဆင်ထားကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ S21 နဲ့ S21+ တို့ကတော့ ကျောဘက်ကင်မရာ သုံးလုံးပဲ ပါဝင်လာမှာပါ။ Galaxy S21 Ultra ကတော့ 0.8µm pixels နဲ့ 108MP ISOCELL HM3 sensor (9-in-1 binning support) ကိုအသုံးပြုထားမှာဖြစ်ပြီး Super PD autofocus လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာအသုံးပြုခဲ့တဲ့ HM1 sensor ထက် အလင်းအာရုံခံမှုမှာ ၁၂% ပိုကောင်းလာမယ်လို့ သိရပါတယ်။ Tele Lens ကတော့ 3x lossless digital zoom အထိ မြင့်မားပါလိမ့်မယ်။ ဖုန်းဟာ 1.22µm pixels နဲ့ 10MP sensor (ISOCELL Fast 3J1) ပါဝင်ပြီး Dual Pixel AF လည်းဖြစ်မယ်လို့ ရည်ညွှန်းထားပါတယ်။ 3x ကျော်လွန်သွားရင်တော့ Wide က Data နဲ့ ပေါင်းလိုက်မယ်လို့ ယူဆရပါတယ်။

10X အထိ ချဲ့ကြည့်လာမယ်ဆိုရင်တော့ Folded periscope က လွှဲပြောင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကို 10MP 3J1 sensor ပဲ အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ IMX563 sensor (1.4µm, 1/2.55”) နဲ့ 12MP ultra-wide ကင်မရာ ဖြစ်ပါတယ်။ ဒါဟာ S21 Ultra အတွက် ကျောဘက်ကတစ်ခုတည်းသော Sony sensor လည်း ဖြစ်ပါတယ်။ 3D ToF sensor အစား Laser autofocus assist ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena