Samsung ဟာ Galaxy S21 Series ကို ဇန်နဝါရီလ ၁၄ ရက်မှာ မိတ်ဆက်ဖို့မျှော်မှန်းထားကြပြီး ဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်အတော်များများလည်း ပေါက်ကြားနှင့်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဓိကအစိတ်အပိုင်းအချို့အကြောင်းသာသိရသေးတာဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။

မိတ်ဆက်ဖို့နီးကပ်လာချိန်မှာ ထပ်ပြီးပေါ်ထွက်လာတဲ့သတင်းတစ်ခုက Galaxy S21 မှာ MicroSD slot ပါဝင်လာမှာမဟုတ်ဘူးဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် Galaxy S21 အနေနဲ့ Built-in သိုလှောင်မှုပမာဏအပြင် ထပ်ပြီးတိုးချဲ့နိုင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကနဦးပေါက်ကြားမှုမှာလည်း Industry authority Roland Quandt က Galaxy S21 specification sheet ထဲမှာ Memory card reader မပါဝင်ဘူးလို့ ဆိုခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Galaxy S21 မော်ဒယ်သုံးမျိုးစလုံးမှာ MicroSD slot တွေပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်စွက်ဖို့အတွက် ကုမ္ပဏီဟာ S21 တွေမှာ မြင့်မားတဲ့သိုလှောင်မှုပမာဏကို ထောက်ပံ့ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။

Samsung ရဲ့ ဟန်းဆက်တွေမှာ MicroSD slot မပါဝင်တာ အဆန်းတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ပရီမီယံမော်ဒယ်တွေမှာ MicroSD slot မပါဝင်ဘဲ ထုတ်ခဲ့ပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၀ မှာလည်း အချို့မော်ဒယ်တွေမှာ MicroSD slot ပါဝင်ခြင်းမရှိပါဘူး။

Ref: Gizmochina