Samsung Galaxy S22 နဲ့ပတ်သက်ပြီး စိတ်ဝင်တစားစောင့်ကြည့်နေကြတာက ကင်မရာပိုင်းလို့ ပြောရမှာပါ။ အထူးသဖြင့် Samsung Fan အများစုဟာ Galaxy S22 စီးရီးမှာ Under-display camera ကို မျှော်လင့်ကြသလို ကျောဘက်မှာလည်း ပိုပြီးအဆင့်မြင့်မားတဲ့ ကင်မရာတပ်ဆင်ထားဖို့ မျှော်လင့်နေကြတာပါ။

တောင်ကိုရီးယားကုမ္ပဏီကြီးအနေနဲ့ ကင်မရာပိုင်း၊ မျက်နှာပြင်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို ပိုပြီးအာရုံစိုက်လာတာ တွေ့မြင်ရပေမဲ့ အရောင်ပိုင်းဆိုင်ရာမှာလည်း အားထုတ်မှုတွေရှိနေကြောင်း အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ Samsung က လုပ်ဆောင်နေတဲ့ အရောင်သစ်တွေဟာ Dark Red နဲ့ Green Shade တွေပဲ ဖြစ်ပါတယ်။

GalaxyClub ကတော့ လာမဲ့နှစ် Galaxy S22 စီးရီးမှာ မြင်တွေ့ရမယ့် အရောင်စာရင်းကို ရရှိထားကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ဈေးနှုန်းသက်သာမဲ့ Galaxy S22 နဲ့ S22+ မော်ဒယ်တွေကတော့ White, Black, Rose Gold နဲ့ Green ဆိုပြီး အရောင်လေးမျိုး ထုတ်လုပ်လာမယ်လို့ ဆိုပါတယ်။ ဒါဟာ Standard နဲ့ Plus-sized မော်ဒယ်နှစ်မျိုး၊ အရောင်နှစ်မျိုးသာဖြစ်ခဲ့တဲ့ Galaxy S21 နဲ့တော့ ကွာခြားနေတာပါ။

Galaxy S22 ရဲ့ Green အရောင်သစ်ဟာ Galaxy Z Fold 3 ရဲ့ Phantom Green ဒါမှမဟုတ် Galaxy Z Flip 3 ရဲ့ Green လိုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ Rose Gold အတွက်ဆိုရင်တော့ Galaxy S21 ရဲ့ Phantom Pink လိုမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ GalaxyClub ကဖော်ပြတဲ့ အရောင်တွေကတော့

Galaxy S22 colors: White, Black, Rose Gold, Green
Galaxy S22+ colors: White, Black, Rose Gold, Green
Galaxy S22 Ultra colors: White, Black, Dark Red စတာတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပုံမှန် White နဲ့ Black မော်ဒယ်တွေကိုလည်း မျှော်လင့်နိုင်တဲ့အပြင် Dark Red အမျိုးအစားသစ်ကိုလည်း ထပ်ပြီးပေါင်းထည့်လာနိုင်တယ်လို့ ဆိုပါတယ်။ Red Galaxy flagship အတော်များများကို လွန်ခဲ့တဲ့နှစ်တွေကတည်းက တွေ့မြင်ခဲ့ကြရပြီး Brighter tones တွေနဲ့ပဲဖြစ်ခဲ့ကြပါတယ်။ Galaxy S22 Ultra ရဲ့ Dark Red အရောင်သစ်ကတော့ ၂၀၁၈ က Burgundy Galaxy S9 ပုံစံဆီပြန်သွားနိုင်တယ်လို့ ဆိုပါတယ်။

Ref: Phone Arena