Samsung ဟာ နောက်နှစ် အစောပိုင်းမှာ Galaxy S22 Series ကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ ဖုန်းတွေရဲ့ သတင်းနဲ့ ဓါတ်ပုံတွေ မကြာခဏပေါက်ကြားထွက်ပေါ်ပြီးပါပြီ။ အခုလည်း Memory Option နဲ့ အရောင်တွေ ပေါက်ကြားလာပါတယ်။

Tipster Snoopy Tech က အဲဒီ သတင်းအချက်အလက်တွေဟာ အရောင်းဆိုင်တွေကနေ ရလာတာ ဖြစ်ပြီး Galaxy S21 Device တွေနဲ့ အများကြီး ပြောင်းလဲမှု မရှိဘူးလို့ ပြောပါတယ်။ ရိုးရိုးမော်ဒယ်နဲ့ Plus မော်ဒယ်တွေအတွက် 8GB RAM ထည့်သွင်းထားမှာ ဖြစ်ပြီး Ultra အတွက် 12GB နဲ့ 16GB RAM တွေ ပါလာမှာ ဖြစ်ပါတယ်။

Samsung Galaxy S22 series touted to arrive in India with the Snapdragon 8  Gen 1 instead of the Exynos 2200 - NotebookCheck.net News

Galaxy S22 နဲ့ Galaxy S22+ အတွက် Black , White , Pink Gold နဲ့ Green အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Galaxy S22 Ultra အတွက် Black , White အပြင် Dark Red အရောင်ပါ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Storage အကြောင်းပြောရရင် Galaxy S22 နဲ့ Galaxy S22+ အတွက် 128GB နဲ့ 256GB ထုတ်လုပ်ထားမှာ ဖြစ်ပြီး S22 Ultra အတွက် 256GB နဲ့ 512GB တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

1TB Storage ပါတဲ့ Samsung ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းကို နောက်ဆုံး တွေ့ခဲ့ရတာ ၂ နှစ်နီးပါး ရှိနေပါပြီ။ အဲဒီကတော့ Samsung Galaxy S10+ Performance Edition ဖြစ်ပြီး အခုတော့ Samsung က 1TB စမတ်ဖုန်းတွေထုတ်လုပ်ဖို့ စိတ်မဝင်စားသေးဘူးလို့ ထင်ပါတယ်။

Ref : gsmarena