ဗြိတိန် Accessory အရောင်းဆိုင် Mobile Fun က Galaxy S22 Ultra, Galaxy S22+ နဲ့ Galaxy S22 တို့ရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။ အဲဒီမှာ စမတ်ဖုန်းတွေရဲ့ အရွယ်အစားကို ဖော်ပြထားပြီး Galaxy S22 မှာ ၆.၀၆ လက်မ၊ Galaxy S22+ မှာ ၆.၅၅ လက်မနဲ့ Galaxy S22 Ultra မှာ ၆.၈ လက်မ မျက်နှာပြင်တွေထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Galaxy S22 Ultra မှာ Galaxy Note Series မှာလို S Pen တပ်ဆင်ထားမှာ ဖြစ်ပြီး Galaxy S22 Ultra ရဲ့ ဒီဇိုင်းဟာ Note မော်ဒယ်နဲ့ တော်တော် တူညီနေပါတယ်။

Mobile Fun က Galaxy S22 Ultra S Pen အတွက် အနက်၊ အဖြူ၊ အနီနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားမယ်လို့ ဖော်ပြထားပြီး စမတ်ဖုန်းအတွက်လည်း အဲဒီ အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ ၁ ပုံမှာ Galaxy S22 Ultra နဲ့ Galaxy S21 Ultra ကို ယှဉ်ပြထားပြီး မော်ဒယ်အသစ်ဟာ အနည်းငယ်ပိုကြီးတာမြင်ရပါတယ်။ မော်ဒယ်အသစ်မှာ ကင်မရာ Island ကို ဖယ်ရှားထားပြီး ပိုကြီးတဲ့ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဘက်ထရီက အရွယ်ကြီး 5,000mAh ဖြစ်နိုင်ပါတယ်။

Galaxy S20 Ultra, S21 Ultra နဲ့ S22 Ultra တို့ကို ယှဉ်ပြထားတဲ့ ဓါတ်ပုံကိုလည်း အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena