Samsung ဟာ နောက်မျိုးဆက် Galaxy S Series စွမ်းရည်မြင့် စမတ်ဖုန်းတွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီ စမတ်ဖုန်းတွေကတော့ Galaxy S22 , S22 Plus နဲ့ S22 Ultra တို့ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းမှာ များစွာ ပေါက်ကြားနေပါတယ်။

Samsung Galaxy S22 Ultra gets leaked in the form of early renders

အခုနောက်ဆုံး ထွက်လာတဲ့ သတင်းအရ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ Samsung Galaxy S22 Ultra မှာ 1TB Internal Storage အထိ ပါလာနိုင်ပါတယ်။ အရင်ကတော့ Galaxy S22 Ultra မှာ အမြင့်ဆုံး 512GB Internal Storage ပဲ ပါလာမယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ 1TB Storage Version ပါလာမယ်လို့ သတင်းထွက်လာတာပါ။

Galaxy S22 Ultra renders show why Samsung is killing the Galaxy Note

S22 Ultra ဟာ Samsung မထုတ်လုပ်တော့မယ့် Galaxy Note Series ရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် အခုသတင်းဟာ မှန်ကန်နိုင်ပါတယ်။ Samsung ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း 1TB Internal Storage ပါတဲ့ Galaxy S10 Plus ကို ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။

အခု သတင်းသာ မှန်မယ်ဆိုရင် Samsung ဟာ 1TB Storage အထိ ထောက်ပံ့ထားတဲ့ Apple ရဲ့ နောက်ဆုံးထုတ် iPhone တွေကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S22 Ultra မှာ S Pen Stylus စိုက်လို့ရတဲ့ အပေါက်ပါလာနိုင်ပါတယ်။

S22 Ultra ရဲ့ 1TB Storage မော်ဒယ်မှာ 16GB RAM ပါလာနိုင်ပါတယ်။ 12GB RAM မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး 128GB, 256GB နဲ့ 512GB Storage တွေ ပါလာနိုင်ပါတယ်။

Galaxy S22 Series မော်ဒယ်အားလုံးမှာ နိုင်ငံအပေါ်မူတည်ကာ Snapdragon 8 Gen 1 Chipset နဲ့ မကြေညာရသေးတဲ့ Samsung Exynos 2200 SoC တွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina