Samsung Galaxy S22 Ultra ဟာ ကင်မရာ အပိုင်းမှာ အများကြီးတိုးတက်လာမှာ ဖြစ်ပြီး အဓိက အနေနဲ့ Cinematography နဲ့ Stability လုပ်ဆောင်ချက်တွေ ပိုကောင်းလာမယ်လို့ သတင်းထွက်လာပါတယ်။ မကြေညာရသေးတဲ့ထုတ်ကုန်တွေအကြောင်း ကြိုတင် သတင်းပေးရာမှာ တိကျတဲ့ Ahmed Qwaider က Samsung Galaxy S22 Ultra ဟာ ဗီဒီယို ရိုက်ကူးမှု အပိုင်းမှာ အရင်မျိုးဆက်ထက် သိသိသာသာ တိုးတက်ကောင်းမွန်လာမယ်လို့ ပြောပါတယ်။

အတိအကျပြောရရင် ဗီဒီယို Stability အပိုင်းမှာ အရင်မျိုးဆက်ထက် ၅၈ ရာခိုင်နှုန်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ AI ထောက်ကူတဲ့ Wide Shift OIS လုပ်ဆောင်ချက်ကြောင့် ဒီလို ပြုလုပ်ပေးနိုင်တာ ဖြစ်ပြီး S21 Ultra နဲ့ ယှဉ်ရင် ကင်မရာ တုန်ခါမှုကို ၄ ဆ လျှော့ချပေးနိုင်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ S21 Ultra ဟာ OIS အပိုင်းမှာ အကောင်းဆုံး ဖြစ်နေတဲ့အတွက် နောက်မျိုးဆက် S22 Ultra ဟာ စံချိန်ချိုးသွားနိုင်ပါတယ်။

S22 Ultra ဟာ Cinematography အပိုင်းမှာလည်း ပိုကောင်းလာမှာ ဖြစ်ပြီး အဲဒီ လုပ်ဆောင်ချက်များစွာ ပါလာမှာ ဖြစ်ပါတယ်။ 12-bit Raw Files Support နဲ့ Super HDR တို့ကြောင့် ဗီဒီယိုတွေဟာ အသေးစိတ်ပိုကျလာမှာပါ။

S22 Ultra မှာ အရင်မျိုးဆက်နဲ့ တူညီတဲ့ ကင်မရာ Resolution တွေ ဖြစ်တဲ့ 108MP Main , 12MP Ultra-wide, 10MP 10x Periscope နဲ့ 10MP 3x Telephoto ကင်မရာတွေပဲ ထည့်သွင်းထားမှာ ဖြစ်ပေမယ့် Cinematography နဲ့ ဗီဒီယို Stability ပိုကောင်းလာမှာဖြစ်ပါတယ်။

Ref : gizmochina