Samsung Galaxy S22 Ultra သုံးစွဲသူတွေဟာ GPS ပြဿနာ ဖြစ်ပွားနေပြီး လူမှုကွန်ရက်တွေနဲ့ Samsung Community Forum တွေမှာ အဲဒီ ပြဿနာကို တိုင်ကြားနေကြပါတယ်။ သုံးစွဲသူတွေက Google Maps နဲ့ Waze တို့လို Navigation App တွေကို သုံးရင် GPS Signal မရဘူးလို့ ပြောနေကြပါတယ်။

GPS ပြဿနာဟာ ဥရောက သုံးစွဲသူတွေမှာ အဓိက ဖြစ်နေတာ ဖြစ်ပြီး အဲဒီ ဖုန်းတွေမှာ Exynos SoC ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Snapdragon Version ထည့်သွင်းထားတဲ့ မော်ဒယ်တွေမှာလည်း ဒီပြဿနာ ဖြစ်နေသလားဆိုတာ မသိရသေးပါဘူး။ Google Maps နဲ့ Waze ကို အသုံးပြုတဲ့အခါမှာ ဖုန်းက Network ကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

Samsung Galaxy S22 Ultra Burgundy Phantom Black Phantom White

Samsung က Galaxy S22 Ultra မှာ အဲဒီ ပြဿနာ ဖြစ်နေတာကို သိရှိပြီးပြီ ဖြစ်ပြီး ဖြေရှင်းပေးဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ပြဿနာ ဖြေရှင်းပေးမယ့် အချိန်အတိအကျကို မပြောသေးပါဘူး။ Samsung Forum မှ Moderator ၁ ယောက်က ကုမ္ပဏီဟာ အဲဒီ ပြဿနာကို သိထားပြီး Software Update နဲ့ ဖြေရှင်းပေးမယ်လို့ ရှင်းပြပါတယ်။

သုံးစွဲသူ တချို့က ဖုန်းကို ပါဝါ အပိတ်၊ အဖွင့်လုပ်ကာ အဲဒီ ပြဿနာကို ယာယီ ဖြေရှင်းလို့ရနေပါတယ်။ ဒါပေမယ့် အဲဒီ နည်းလမ်းဟာ ယာယီပဲ ဖြေရှင်းလို့ ရမှာ ဖြစ်ပြီး ခဏခဏ ပြန်ဖြစ်နေပါတယ်။

Ref : gizmochina