အခုဆိုရင် ၂၀၂၁ ခုနှစ် ကုန်ဆုံးဖို့ နီးလာပြီ ဖြစ်ပြီး ၂၀၂၂ အစောပိုင်းမှာ ကြေညာမယ့် ဖုန်း အသစ်တွေရဲ့ သတင်းအချက်အလက်တွေ စတင်ထွက်ပေါ်လာနေပါပြီ။ ထုံးစံအတိုင်း Samsung ဟာ ဇန်နဝါရီလ နှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီလ အစောပိုင်းမှာ နောက်မျိုးဆက် Galaxy S Series ဖုန်း အသစ်တွေကို ချပြတော့မှာပါ။

Samsung Galaxy S22 Ultra (images: FPT)Samsung Galaxy S22 Ultra (images: FPT)

အခုတော့ FrontPageTech က Galaxy S22 Ultra ရဲ့ Hands-on ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ ဖုန်း အရှေ့ဘက်မှာ ကွေးညွှတ်မျက်နှာပြင် တပ်ဆင်ထားပြီး အနောက်ဘက် ကင်မရာ ဒီဇိုင်းက မိုးရေစက်ပုံ ဖြစ်ပါတယ်။ အနောက်ဘက်ကို Matte Coating နဲ့ ဖုံးအုပ်ထားပေမယ့် ရောင်းချတဲ့ အလုံးတွေမှာ ပါလာမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဓါတ်ပုံတွေမှာ S Pen ပါလာတာ မြင်ရပြီး S22 Ultra ဟာ Galaxy Note ရဲ့ အမွေကို ဆက်ခံသူ ဆိုတာ သေချာပါတယ်။

asdadasasdadas

Samsung Galaxy S22 Ultra ရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ထွက်ပေါ်နေပြီး  Galaxy S21 Ultra နဲ့ လုံးဝ တူညီနေပါတယ်။ Galaxy S22 Ultra မှာ 108MP Main , 12MP Ultra-wide , 10MP 3x Telephoto နဲ့ 10MP 10x Telephoto ကင်မရာတွေ ပါလာမှာ ဖြစ်ပါတယ်။

Samsung Galaxy S22 Series တွေကို ကြေညာဖို့ လအနည်းငယ်လောက်လိုပါသေးတယ်။ အဲဒီအတွက် လက်ရှိ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ဓါတ်ပုံတွေဟာ ရာနှုန်းပြည့် မှန်ကန်တယ်လို့ မပြောနိုင်သေးပါဘူး။ Samsung Galaxy S22 Series ရဲ့ သတင်းအချက်အလက်တွေ ဆက်တိုက်ထွက်လာဖို့ ရှိနေပါတယ်။

Ref : gsmarena