အခုဆိုရင် ၂၀၂၁ ခုနှစ် ကုန်ဆုံးဖို့ နီးလာပြီ ဖြစ်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ကြေညာမယ့် စမတ်ဖုန်း အသစ်တွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာနေပါပြီ။ ထုံးစံအတိုင်း Samsung ဟာ ဇန်နဝါရီလ နှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီလ အစောပိုင်းမှာ နောက်မျိုးဆက် စွမ်းရည်မြင့် Galaxy S Series စမတ်ဖုန်း အသစ်တွေကို ချပြတော့မှာ ဖြစ်ပါတယ်။

Samsung Galaxy S22 Ultra appears in official-looking render

အခုလည်း မိတ်ဆက်ပွဲ မတိုင်ခင်မှာ LetsGoDigital က Samsung Galaxy S22 Ultra ရဲ့ တရားဝင် ပိုစတာ ၁ ခုကို မျှဝေလိုက်ပြီး Galaxy S22 Series စမတ်ဖုန်း နောက် ၁ လုံးကိုလည်း ပိုစတာမှာ မြင်ရပါတယ်။ အဲဒီ စမတ်ဖုန်းက Galaxy S22+ ဖြစ်နိုင်ပါတယ်။

Galaxy S22 Ultra and S22 Plus screen will be the brightest of any phone -  PhoneArena

Samsung Galaxy S22 နဲ့ S22+ တို့ရဲ့ ကင်မရာ Bump ဒီဇိုင်းဟာ ဒီနှစ်ထုတ် Galaxy S21 Series နဲ့ တူညီမှာ ဖြစ်ပါတယ်။

ပိုစတာအရ Galaxy S22 Ultra မှာ S Pen ပါလာမယ်ဆိုတာ သေချာသွားပြီး Galaxy Note Series ရဲ့ အမွေကို ဆက်ခံမှာ ဖြစ်ပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ Galaxy S22 Ultra ရဲ့ ကင်မရာတွေဟာ Galaxy S21 Ultra နဲ့ လုံးဝ တူညီနေပြီး Galaxy S22 Ultra မှာ 108MP Main , 12MP Ultrawide, 10MP 3x Telephoto နဲ့ 10MP 10x Telephoto ကင်မရာတွေ ပါလာနိုင်ပါတယ်။

Ref : gsmarena