Samsung ဟာ နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းတွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒါကတော့ Galaxy S22 Series ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေ မကြာခဏပေါက်ကြားနေပါတယ်။ အခုလည်း Galaxy S22 Ultra ရဲ့ အနောက်ဘက် ဒီဇိုင်း ပေါက်ကြားလာပြီး LG ရဲ့ ဒီဇိုင်းနဲ့ တော်တော်တူညီနေပါတယ်။

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ထွက်ပေါ်လာတာ ဖြစ်ပြီး အနောက်ဘက် ဒီဇိုင်းကို မြင်ရပါတယ်။ အနောက်ဘက်ဟာ အနက်ရောင် ဖြစ်ပြီး ကင်မရာ Sensor တွေအတွက် Cutout တွေကို တွေ့ရပါတယ်။ အောက်ခြေနားမှာ Samsung Logo ကို ရေးထွင်းထားပါတယ်။

Samsung

Samsung Galaxy S22 Ultra ရဲ့ အနောက်ဘက် ကင်မရာ ဒီဇိုင်းဟာ ၂၀၂၀ ခုနှစ်ထုတ် LG Velvet နဲ့ တော်တော် တူညီနေပါတယ်။ ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး ကင်မရာ အရွယ်အစားတွေကတော့ Galaxy S22 Ultra ဟာ ပိုကြီးနေတာ ထင်ထင်ရှားရှား မြင်ရပါတယ်။

Samsung Galaxy S22 Series တွေကို ကြေညာဖို့ လအနည်းငယ်လောက်လိုပါသေးတယ်။ အဲဒီအတွက် လက်ရှိ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ဓါတ်ပုံတွေဟာ ရာနှုန်းပြည့် မှန်ကန်တယ်လို့ မပြောနိုင်သေးပါဘူး။ Samsung Galaxy S22 Series ရဲ့ သတင်းအချက်အလက်တွေ ဆက်တိုက်ထွက်လာဖို့ ရှိနေပါတယ်။

Ref : gizmochina