ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက လာမဲ့နှစ် Samsung Galaxy S23, Galaxy S23 Plus တွေရဲ့ အရှေ့ဘက်ကင်မရာနဲ့ပတ်သက်တဲ့ သတင်းဖော်ပြခဲ့ဖူးပါတယ်။ သတင်းမှာ Samsung အနေနဲ့ Galaxy S မော်ဒယ်သစ်တွေရဲ့ Selfie ကင်မရာတွေကို အဆင့်မြှင့်တင်ပေးမယ်လို့ ဖော်ပြထားတာပါ။

Galaxy S မော်ဒယ်သစ်တွေမှာ Selfie ကင်မရာကို အဆင့်မြှင့်တင်သလို၊ အနောက်ဘက်ကင်မရာတွေကိုလည်း ပိုပြီးကောင်းမွန်အောင် မြှင့်တင်ပေးမယ်၊ မပေးဘူးဆိုတာကိုတော့ မေးခွန်းတွေရှိနေပေမဲ့ အဖြေမရှိသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တူညီတဲ့သတင်းရင်းမြစ်တွေကတော့ Galaxy S23 နဲ့ Galaxy S23 Plus နှစ်ခုလုံးမှာ S22 နဲ့ S 22 Plus တို့လိုပဲ တူညီတဲ့ Telephoto camera အတွက် တူညီတဲ့ 10MP ကိုပဲ အသုံးပြုလာမယ်လို့ ဆိုပါတယ်။

Galaxy S 23 နဲ့ S 23 plus တို့မှာ ဒီနှစ်မော်ဒယ်တွေလို 3x ပဲဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါဟာ ထုတ်လုပ်မှုနယ်ပယ်က အတွင်းသတင်းအဖြစ်ထွက်လာတာဆိုပေမဲ့ အတိအကျမဟုတ်သလို၊ ခိုင်မာတဲ့အထောက်အထားလည်း မရှိသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ အခြားမော်ဒယ်တွေနဲ့ပတ်သက်ပြီးတော့လည်း တူညီတဲ့အနေအထားပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Galaxy S23 Ultra မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာ မသိရသေးပေမဲ့ Ultra S မဟုတ်တဲ့ Flagship တွေကတော့ တူညီတဲ့ (ဒါမှမဟုတ် အလွန်ဆင်တူတဲ့) တပ်ဆင်မှုကိုပဲ နောက်တစ်နှစ်လောက် ထပ်ထားဖို့ စီစဉ်နေတယ်လို့ ယူဆရပါတယ်။ စာဖတ်သူတွေအနေနဲ့ ဒါကို ကောလာဟလအနေနဲ့ပဲ မှတ်ယူထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Galaxy S 23 မိသားစုကို ကြေညာဖို့ လပေါင်းများစွာလိုနေသေးတာကြောင့် ဒီကြားထဲမှာ Samsung အနေနဲ့ သူ့ရဲ့အစီအစဉ်တွေကို ပြောင်းလဲကောင်း ပြောင်းလဲပစ်နိုင်သေးလို့ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကနေ မျှော်လင့်လို့ရတာကတော့ Samsung Galaxy S23 နဲ့ S23 Plus တွေမှာ စွမ်းဆောင်ရည်မြင့် Selfie ကင်မရာအပြင် နောက်ထပ် Update တွေလည်း ထပ်ပြီးမြင်တွေ့ရနိုင်တယ်ဆိုတာပါပဲ။ ၂၀၂၂ မှာ ဖုန်းအဟောင်းတွေကို ဆက်ခံတဲ့ အဆင့်မြှင့်တင်မှုအနည်းငယ်ကိုပဲ ရရှိခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၂၃ ဟာ ပိုပြီးတော့ကွဲပြားတဲ့ အဆင့်မြှင့်တင်မှုတွေကို မျှော်လင့်နိုင်တာပဲ ဖြစ်ပါတယ်။

Ref: GSM Arena