Samsung ဟာ ၂၀၁၉ ခုနှစ်မှာ Galaxy S10 ကို 10MP Selfie ကင်မရာနဲ့အတူ ဖြန့်ချိခဲ့ပါတယ်။ ဒါဟာ သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ Galaxy S9 ရဲ့ 8MP front Camera ကို အဆင့်မြှင့်တင်လိုက်တာပါ။ ဒါပေမဲ့ ဒီ 10MP resolution ဟာ Galaxy S21 နဲ့ Galaxy S22 စီးရီးစမတ်ဖုန်းတွေမှာလည်း (Ultra မော်ဒယ်တွေကလွဲရင်) ဒီအတိုင်း မပြောင်းလဲဘဲ ရှိနေသေးတာ ဖြစ်ပါတယ်။

အခုတော့ သတင်းကောင်းတစ်ခု ထွက်လာပါပြီ။ Samsung ဟာ Selfie အတွက် 12MP unit တွေ အသုံးပြုဖို့ စဉ်းစားလာတာကြောင့် လာမဲ့နှစ်မော်ဒယ်တွေမှာတော့ အပြောင်းအလဲတွေကို စပြီးမြင်တွေ့လာရဖွယ်ရှိတယ်လို့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် Galaxy S23 တွေမှာ 12MP selfie ကင်မရာတွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Dutch မီဒီယာတစ်ခုဖြစ်တဲ့ Galaxy Club ကတော့ Galxy S23 နဲ့ Galaxy S23+ မှာ ပါလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီကင်မရာတွေကို Punch-hole ထဲမှာထားမလား၊ မျက်နှာပြင်အောက်မှာထားမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါ့အပြင် အရှေ့ကင်မရာတွေအတွက် OIS ရှိ၊ မရှိဆိုတာကိုလည်း မသိရသေးပါဘူး။

နောက်တစ်ချက်က Galaxy S23 Ultra ရဲ့ Selfie ကင်မရာဟာ S22 Ultra က 40MP ထက်ပိုပြီးမြင့်တဲ့ Megapixel ကို ရမယ်၊ မရဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Galaxy S23 စီးရီးကိုမိတ်ဆက်ဖို့ အချိန်တွေအများကြီးကျန်နေပါသေးတယ်။ ဒါကြောင့် ဒီစီးရီးနဲ့ပတ်သက်တဲ့သတင်းတွေ ပိုပြီးတော့ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။

Ref: GSM Arena