Samsung Galaxy S23 Series ရဲ့ သတင်းများစွာ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း နာမည်ကြီး Tipster Digital Chat Station က ရိုးရိုး Galaxy S23 မှာ အရင်မျိုးဆက် Galaxy S22 ထက် အရွယ်အစား ပိုမိုကြီးမားတဲ့ 3,900mAh ဘက်ထရီ ပါလာမယ်လို့ သတင်းပေးလာပါတယ်။

Samsung Galaxy S23 is coming with a bigger battery, to keep the 6.1” screen - GSMArena.com news

Samsung Galaxy S23 မှာ ၆.၁ လက်မ Full HD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Galaxy S22 နဲ့ တူညီမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Samsung ဟာ သေးငယ်တဲ့ ကိုယ်ထည်ထဲမှာ ပိုမို ကြီးမားတဲ့ ဘက်ထရီကို ထည့်သွင်းဖို့ စီမံခန့်ခွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

Samsung's Galaxy S23 smartphone to get battery upgrade over predecessor - News - 99 News Buzz

Digital Chat Station က Galaxy S23 ရဲ့ အားသွင်းနှုန်းဟာ အားရစရာ မရှိဘဲ 25W Charging ပဲ ပါလာမယ်လို့ ပြောပါတယ်။ ဒီသတင်းက အရင် ပေါက်ကြားခဲ့တဲ့ Chinese Compulsory Certification (3C) က စာရင်းနဲ့ တူညီနေပါတယ်။

နောက်ထွက်မယ့် Galaxy S23 Series ရဲ့ Specs နဲ့ လုပ်ဆောင်ချက်တွေ အများကြီး မထွက်လာသေးပေမယ့် ဒီဇိုင်း အသစ်နဲ့ Chipset အသစ်တွေကို အသုံးပြုထားနိုင်ပါတယ်။

အရင်သတင်းတွေအရ Galaxy S23 Series အားလုံးမှာ တစ်ကမ္ဘာလုံးအတွက် Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာ ဖြစ်ပြီး Galaxy S23 Ultra မှာ 200MP ကင်မရာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

Ref : gsmarena