Samsung က  Galaxy S23, S23+ နဲ့ S23 Ultra ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကြေညာနိုင်ပြီး မိတ်ဆက်ပွဲ နီးလာတာနဲ့အမျှ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပိုမို ပေါက်ကြားလာပါတယ်။ အခုတော့ အဲဒီဖုန်းတွေရဲ့ အရောင်တွေ ပေါက်ကြားလာပါတယ်။

Samsung Galaxy S23, S23+, and S23 Ultra have their signature colors leaked

၂၀၂၃ ခုနှစ်ထုတ် Galaxy S23 ရဲ့ Signature အရောင်က Light Gold/Pink Gold ဖြစ်ပါတယ်။ Galaxy S23+ အတွက် Pink နဲ့ S23 Ultra အတွက် Green အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Samsung က အဲဒီ Signature အရောင်တွေ အပြင် တခြား အရောင်တွေကိုလည်း ထုတ်လုပ်ရောင်းချမှာ သေချာပါတယ်။

Samsung Galaxy S23, S23+, and S23 Ultra have their signature colors leaked - GSMArena.com news

အရင်ပေါက်ကြားသတင်းတွေအရ S23 ဖုန်း ၃ လုံးရဲ့ ဒီဇိုင်းဟာ Galaxy S22 Ultra နဲ့ တူညီမှာ ဖြစ်ပြီး အနောက်ကင်မရာတွေအားလုံးမှာ သီးခြား Ring တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Samsung Galaxy S23 Series မှာ Gorilla Glass Victus+ ပါလာနိုင်ပြီး IP68 စံနှုန်း ထည့်သွင်းထားနိုင်ပါတယ်။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256/512GB Storage ပါလာနိုင်ပါတယ်။ စွမ်းရည်မြင့် Ultrasonic Fingerprint Sensor ထည့်သွင်းထားနိုင်ပြီး အရေးပေါ်ကိစ္စအတွက် ဂြိုလ်တု ဆက်သွယ်ရေး ပါလာနိုင်ပါတယ်။

Ref : gsmarena