Samsung Galaxy S23 Series ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အခုပေါက်ကြားလာတဲ့ ဓါတ်ပုံတွေက ဒီဇိုင်းဟာ အရင်က ဓါတ်ပုံတွေနဲ့ တူညီနေပါတယ်။

ဓါတ်ပုံတွေမှာ မော်ဒယ် ၃ ခု စလုံးကို မြင်ရပြီး အနက်နဲ့ အဖြူရောင်တွေ ဖြစ်ပါတယ်။ Galaxy S23 နဲ့ S23+ ရဲ့ ကင်မရာ Island ကို ပြောင်းလဲထားပြီး Lens ၁ ခုစီဟာ သီးခြားစီ ခွဲထွက်နေပါတယ်။

Galaxy S23 , S23+ နဲ့ S23 Ultra တို့ရဲ့ ဒီဇိုင်းဟာ အနည်းငယ် ကွဲပြားပြီး Galaxy S23 နဲ့ S23+ တို့ရဲ့ ထောင့်စွန်းတွေဟာ လုံးဝန်းကာ S23 Ultra က လေးထောင့်ကျပါတယ်။

အခု ဓါတ်ပုံတွေနဲ့ အရင်က ဓါတ်ပုံတွေမှာ တစ်ခုထဲသော ကွဲပြားချက်က SIM Card Tray ရဲ့ တည်နေရာ ဖြစ်ပါတယ်။ အရင်က ဓါတ်ပုံတွေမှာ Tray ကို အောက်ခြေမှာ တပ်ဆင်ထားပြီး အခုဓါတ်ပုံတွေမှာ ဘေးဘက်မှာ နေရာချထားပါတယ်။

Samsung ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ Galaxy S23 Series Unpacked Event ကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီသတင်းဟာ ကိုရီးယားကနေ မကြာခင်က ထွက်ပေါ်လာတာ ဖြစ်ပြီး Unpacked Event အကြောင်းသိတဲ့ Samsung ရဲ့ အရာရှိ ၁ ယောက်က အတည်ပြုလိုက်တာလို့ သိရပါတယ်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် လူတွေ တက်ရောက်တဲ့ Samsung ရဲ့ ပထမဆုံး Unpacked Event ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Ref : gsmarena