Samsung က Galaxy S23 Series ကို ကြေညာပြီးနောက် တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ Galaxy S23 Series ဟာ အိန္ဒိယမှာ ရောင်းအား ကောင်းနေပြီး တောင်ကိုရီးယားမှာလည်း စံချိန်တင် ရောင်းအားကောင်းနေပါတယ်။ တောင်ကိုရီးယားမှာ ကြိုတင်မှာယူမှု ၁.၀၉ သန်း ရှိပြီး အရင်နှစ်ထုတ် Galaxy S22 ထက် ၇ ရာခိုင်နှုန်း ပိုများပါတယ်။

Take Your Passions Further with the New Samsung Galaxy S23 Series: Designed for a Premium Experience Today and Beyond – Samsung Newsroom U.K.

ဒါဟာ တောင်ကိုရီးယားမှာ Galaxy S Series အတွက် ကြိုတင်မှာယူမှု အများဆုံး ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လထုတ် Galaxy Note 10 Series ရဲ့ ၁.၄ သန်း ဝယ်ယူမှုကပဲ ဒီထက် ပိုများတာ ဖြစ်ပါတယ်။

Samsung Galaxy S23 series German pricing leaks - GSMArena.com news

တောင်ကိုရီးယား မီဒီယာ ၁ ခုက ကြိုတင်မှာယူမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဟာ Galaxy S23 Ultra အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ ရိုးရိုး Galaxy S23 အတွက် ၂၄ ရာခိုင်နှုန်းနဲ့ Galaxy S23+ အတွက် ၁၅ ရာခိုင်နှုန်း ရှိပါတယ်။

နှိုင်းယှဉ်ရရင် ပြီးခဲ့တဲ့ နွေရာသီက ရောင်းချခဲ့တဲ့ Galaxy Z Flip 4 နဲ့ Galaxy Z Fold 4 ကြိုတင်မှာယူမှုဟာ ၁ သန်းတောင် မပြည့်ခဲ့ပါဘူး။

Ref : gsmarena