[Zawgyi]

Samsung Galaxy S8 ဟာ ၂ ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ စမတ္ဖုန္း အေဟာင္းတစ္လံုးပါ။ ဒါေပမယ့္ သူ႔ရဲ႕ စြမ္းရည္ေတြကေတာ့ အခုခ်ိန္ထိ အသံုး၀င္ေနဆဲပါ။ သူဟာ ဖိလစ္ပိုင္မွာ လူ အေယာက္ ၂၀ ရဲ႕ အသက္ကို ကယ္တင္လိုက္တယ္ဆိုရင္ စာဖတ္သူ အံ့ၾသသြားမလား? လြန္ခဲ့တဲ့ ႏွစ္ပတ္အၾကာက ဖိလစ္ပိုင္ ႏုိင္ငံ စီဘူးအနားမွ Malapascua Island ကမ္းရိုးတန္းမွာ လူ အေယာက္ ၂၀ ပါတဲ့ ေလွဟာ ေမွာက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Galaxy S8 Smartphone တစ္လံုးေၾကာင့္ ခရီးသည္အားလံုးရဲ႕ အသက္ကို ကယ္တင္ႏုိင္ခဲ့ပါတယ္။

ခရီးသည္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Jim Emdee ဟာ ေလွေအာက္မွာ သူ႔ရဲ႕ Galaxy S8 ကို ေတြ႕ခဲ့ၿပီး ဖုန္းဆက္ အကူအညီေတာင္းခဲ့တာပါ။ Galaxy S8 ရဲ႕ ေရစိုခံ စြမ္းရည္က ဒီေနရာမွာ လူ႔အသက္မ်ားစြာကို ကယ္ခဲ့တာပါ။ ဒါ့အျပင္ ကယ္ဆယ္ေရး အဖြဲ႕ဟာ Galaxy S8 ရဲ႕ GPS တည္ေနရာျပ စနစ္ရဲ႕ အကူအညီနဲ႔ အခင္းျဖစ္တဲ့ တည္ေနရာကို သိခဲ့တာပါ။

Emdee က “ အျခား ခရီးသည္ အားလံုးရဲ႕ ဖုန္းေတြက သံုးလို႔ မရေတာ့ပါဘူး။ ကြ်န္ေတာ့္ရဲ႕ Galaxy S8 ကေနသာ ဖုန္းဆက္လို႔ရခဲ့တာပါ။ “ လို႔ မီဒီယာကို ေျပာပါတယ္။ သူ႔ရဲ႕ စမတ္ဖုန္းဟာ ေရစိုခဲ့ေပမယ့္ ကုန္းေပၚ ျပန္ေရာက္တဲ့အထိ အသံုးျပဳလို႔ရခဲ့ပါတယ္။ သူက သူထင္ထားတာထက္ပိုၿပီး သူ႔ရဲ႕ ဖုန္းဟာ ေရေအာက္ထဲမွာ အခ်ိန္အေတာ္ၾကာ သံုးလို႔ရခဲ့တယ္လို႔ ေျပာပါတယ္။ ဘာမွ မဟုတ္ဘူးလို႔ ထင္ရတဲ့ ေရစိုခံ စြမ္းရည္နဲ႔ IP Rating ေတြလို လုပ္ေဆာင္ခ်က္ေတြဟာ လူ႔အသက္ေတြကို ကယ္တင္ႏိုင္တယ္ဆိုတာ ဒီျဖစ္ရပ္က သက္ေသျပလိုက္ပါတယ္။

Samsung Electronics Philippines ရဲ႕ အႀကီးအကဲ James Jung က “ ခရီးသည္အားလံုး လံုျခံဳေဘးကင္းတာကို ၾကားရတာ ၀မ္းသာပါတယ္။ အေရးေပၚ အေျခအေနနဲ႔ ႀကံဳေတြ႕ရတဲ့ လူေတြကို အကူအညီေပးႏုိင္မယ့္ Devices ေတြကို ဆက္ထုတ္မွာပါ။ “ လို႔ ေျပာပါတယ္။

Ref : bgr

[Unicode]

ဖိလစ်ပိုင်မှာ လူအယောက် ၂၀ ရဲ့ အသက်ကို ကယ်တင်လိုက်တဲ့ Samsung Galaxy S8

Samsung Galaxy S8 ဟာ ၂ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ စမတ်ဖုန်း အဟောင်းတစ်လုံးပါ။ ဒါပေမယ့် သူ့ရဲ့ စွမ်းရည်တွေကတော့ အခုချိန်ထိ အသုံးဝင်နေဆဲပါ။ သူဟာ ဖိလစ်ပိုင်မှာ လူ အယောက် ၂၀ ရဲ့ အသက်ကို ကယ်တင်လိုက်တယ်ဆိုရင် စာဖတ်သူ အံ့သြသွားမလား? လွန်ခဲ့တဲ့ နှစ်ပတ်အကြာက ဖိလစ်ပိုင် နိုင်ငံ စီဘူးအနားမှ Malapascua Island ကမ်းရိုးတန်းမှာ လူ အယောက် ၂၀ ပါတဲ့ လှေဟာ မှောက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Galaxy S8 Smartphone တစ်လုံးကြောင့် ခရီးသည်အားလုံးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ခရီးသည်တွေထဲက တစ်ယောက်ဖြစ်တဲ့ Jim Emdee ဟာ လှေအောက်မှာ သူ့ရဲ့ Galaxy S8 ကို တွေ့ခဲ့ပြီး ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။ Galaxy S8 ရဲ့ ရေစိုခံ စွမ်းရည်က ဒီနေရာမှာ လူ့အသက်များစွာကို ကယ်ခဲ့တာပါ။ ဒါ့အပြင် ကယ်ဆယ်ရေး အဖွဲ့ဟာ Galaxy S8 ရဲ့ GPS တည်နေရာပြ စနစ်ရဲ့ အကူအညီနဲ့ အခင်းဖြစ်တဲ့ တည်နေရာကို သိခဲ့တာပါ။

Emdee က “ အခြား ခရီးသည် အားလုံးရဲ့ ဖုန်းတွေက သုံးလို့ မရတော့ပါဘူး။ ကျွန်တော့်ရဲ့ Galaxy S8 ကနေသာ ဖုန်းဆက်လို့ရခဲ့တာပါ။ “ လို့ မီဒီယာကို ပြောပါတယ်။ သူ့ရဲ့ စမတ်ဖုန်းဟာ ရေစိုခဲ့ပေမယ့် ကုန်းပေါ် ပြန်ရောက်တဲ့အထိ အသုံးပြုလို့ရခဲ့ပါတယ်။ သူက သူထင်ထားတာထက်ပိုပြီး သူ့ရဲ့ ဖုန်းဟာ ရေအောက်ထဲမှာ အချိန်အတော်ကြာ သုံးလို့ရခဲ့တယ်လို့ ပြောပါတယ်။ ဘာမှ မဟုတ်ဘူးလို့ ထင်ရတဲ့ ရေစိုခံ စွမ်းရည်နဲ့ IP Rating တွေလို လုပ်ဆောင်ချက်တွေဟာ လူ့အသက်တွေကို ကယ်တင်နိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြလိုက်ပါတယ်။

Samsung Electronics Philippines ရဲ့ အကြီးအကဲ James Jung က “ ခရီးသည်အားလုံး လုံခြုံဘေးကင်းတာကို ကြားရတာ ဝမ်းသာပါတယ်။ အရေးပေါ် အခြေအနေနဲ့ ကြုံတွေ့ရတဲ့ လူတွေကို အကူအညီပေးနိုင်မယ့် Devices တွေကို ဆက်ထုတ်မှာပါ။ “ လို့ ပြောပါတယ်။

Ref : bgr