Samsung က Galaxy S9 နဲ့ S9+ အတွက် One UI 2.1 ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ ဂျာမနီနဲ့ တောင်ကိုရီးယားက User တွေမှာ OTA ကနေ ရယူနိုင်ပြီ ဖြစ်ပါတယ်။ Update ဟာ Android 10 ကို အခြေပြုထားတာ ဖြစ်ပြီး One UI 2.0 မှာ မပါတဲ့ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားပါတယ်။

Update မှာ တခြား Samsung စမတ်ဖုန်း ကိုင်ထားသူတွေနဲ့ Content တွေကို မြန်မြန်ဆန်ဆန် Share လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ Apple AirDrop လုပ်ဆောင်ချက်နဲ့ ဆင်တူပါတယ်။ Bluetooth ကနေ သူငယ်ချင်းတွေနဲ့ သီချင်း အတူတူ နားဆင်နိုင်ပြီ ဖြစ်သလို  စမတ်ဖုန်း ကနေ Audio Device တွေဆီ သီချင်းတွေ ပေးပို့ နားဆင်နိုင်ပါတယ်။

ကင်မရာ App အတွက်လည်း လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးထားပြီး Pro Video Recording ပါလာပါတယ်။ လက်ရှိမှာ Update ကို ဂျာမနီနဲ့ ကိုရီးယားမှာ ဖြန့်ချိပေးထားပြီ ဖြစ်ပြီး မကြာခင်မှာ တခြားနိုင်ငံတွေအတွက် ဖြန့်ချိပေးနိုင်ပါတယ်။

Ref : gsmarena