လက်ရှိမှာ အကောင်းဆုံးသော စမတ်ဖုန်းကိုပြောပါဆိုရင် ရွေးစရာက အနည်းငယ်ပဲရှိနေသေးတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ Samsung Galaxy S9 စမတ်ဖုန်းက လက်ရှိ Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးသော ဖုန်းလို့တောင်ပြောလို့ရပါတယ်။

အခု Samsung Galaxy S9 စမတ်ဖုန်းက လက်ရှိ စမတ်ဖုန်းတွေထဲမှာ အမြန်ဆန်ဆုံးစမတ်ဖုန်းဖြစ်နေတယ်ဆိုတာက ပြောစရာမလိုတဲ့အရာတစ်ခုပါ။ ဒါပေမယ့် Network Speed အရရော အခြား စမတ်ဖုန်းတွေထက်ပိုပြီး မြန်ဆန်နိုင်မလား?

Samsung Galaxy S9 စမတ်ဖုန်းက CAT 18 LTE Modem ကို အသုံးပြုထားတာဖြစ်ပြီး အဆိုပါ Modem က Download Speed က 1.2Gbps အထိ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာကတော့ ဘယ်လောက်ထိ မြန်ဆန်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

အဲ့ဒီအတွက် လက်ရှိ Speed Test ပြုလုပ်တဲ့နေရာမှာ နာမည်ကြီး Application တစ်ခုဖြစ်တဲ့ Ookla Speedtest App က အခုအချိန်မှာ Samsung Galaxy S9 စမတ်ဖုန်းနဲ့ အခြားသော စမတ်ဖုန်းတွေကို နှိုင်းယှဉ်ကြည်ပြီးတော့ ရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အခု Ookla Speedtest App အရတော့ Samsung Galaxy S9 စမတ်ဖုန်းက Apple iPhone X ထက် ၃၇ ရာခိုင်နှုန်း Download Speed ပိုမိုမြန်ဆန်ပြီးတော့ Google Pixel 2 ထက် ၁၇ ရာခိုင်နှုန်းပိုပြီး မြန်ဆန်တယ်လို့ သိရပါတယ်။ Samsung ရဲ့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ထွက်ရှိထားတဲ့ Samsung Galaxy S7 စမတ်ဖုန်းနဲ့ ယှဉ်ရက် ၃၈ ရာခိုင်နှုန်းပိုပြီး မြန်ဆန်လာတယ်လို့ သိရပါတယ်။

အခု Ookla Speedtest အရတော့ Network တူညီတယ်ဆိုရင်တောင်မှ Samsung Galaxy S9 က လက်တလောမှာ Download Speed အမြန်ဆုံးစမတ်ဖုန်းဖြစ်နေတဲ့ပုံပါပဲ။