Samsung ဟာ Galaxy S9 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ Samsung ကနေ Galaxy S9 ဖုန်းကို ရောင်းချချင်တဲ့အရေအတွက်ကို ကြေငြာခဲ့ပါတယ်။

ကိုရီးယားနိုင်ငံမှာ ရှိတဲ့ Media တစ်ခု The Bell ကပြောကြားချက်အရတော့ Samsung ရဲ့ နောက်ဆုံးထွက် Galaxy S9 နဲ့ Galaxy S9+ စမတ်ဖုန်းတွေကို စစခြင်း ၁၂ သန်း အရင်ထုတ်လုပ်မှာဖြစ်ပြီး ဒုတိယအသုတ်မှာ ၁၀ သန်းနဲ့ ၂၀၁၈ ရဲ့ နောက်ဆုံး ၃ လပတ်မှာ ၈ သန်းထုတ်လုပ်သွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung ဟာ Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေကို စုစုပေါင်း ၄၃ သန်းရောင်းချသွားမှာဖြစ်ပြီးတော့ အဆိုပါ ပမာဏဟာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Samsung Galaxy S8 နဲ့ S8+ ဖုန်းပမာဏဖြစ်တဲ့ ၄၁ သန်းထက် ပိုပြီးများပြားတယ်လို့ သိရပါတယ်။

Samsung Galaxy S9 ဟာ အခုအချိန်မှာ Pre-order တွေရောင်းချရမှုဟာ Samsung Galaxy S8 နဲ့ ယှဉ်ရင် အနည်းငယ်လျော့နည်းနေတယ်လို့ ဆိုထားတဲ့အတွက် Samsung အနေနဲ့ မှန်းထားသလောက်ရောင်းနိုင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။