Samsung ကနေ Galaxy S9 စမတ်ဖုန်းကိုလာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကြေငြာသွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Samsung ကနေ Teaser Video တစ်ခုကို လွှင့်ခဲ့ပြီး Galaxy S9 ရဲ့ ကင်မရာပိုင်းစွမ်းဆောင်ရည်ကို ဖော်ပြခဲ့ပါတယ်။

Samsung Galaxy S9 ဟာ ဆောင်ပုဒ်ကိုလည်း “The Camera. Reimagined. “လို့ ပေးထားတဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးသော စမတ်ဖုန်းကင်မရာဖြစ်လာမှာပဲဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ Promo Video မှာတော့ Slo-motion Video တွေ၊ Low Light စွမ်းဆောင်ရည်တွေကို ဖော်ပြသွားခဲ့ပြီး Animation Effects တွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy S8 စမတ်ဖုန်းဟာလည်း ကင်မရာပိုင်းမှာ အကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်နေဆဲဖြစ်ပြီး အခု ထွက်ရှိလာမယ့် Galaxy S9 ရဲ့ ကင်မရာသာ S8 ထက် သိသိသာသာကို ကောင်းနေမယ်ဆိုရင် လက်ရှိအကောင်းဆုံးသော ကင်မရာပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။

Samsung Galaxy S9 ရဲ့ Teaser Video ကို ဖော်ပြလိုက်ပါတယ်။