Samsung ဟာ Galaxy Smart Tag လို့ ခေါ်တဲ့  Smart Object Tracker ၁ ခုကို ဖန်တီးနေပြီး မော်ဒယ်နံပါတ်က EI-T5300 ဖြစ်ပါတယ်။ အခုတော့ တောင်ကိုရီးယားမှာ EI-T5300 ကို မှတ်ပုံတင်ထားပြီ ဖြစ်ပြီး ပုံကြမ်းတွေနဲ့ သတင်းအချက်အလက် တချို့ကို သိလာရပါပြီ။ ပါးလွှာတဲ့ Device လေး ဖြစ်ပြီး လဲလှယ်နိုင်တဲ့ 3V CR2032 Button Cell ၁ လုံးထည့်သွင်းထားပါတယ်။ Samsung က ဖုန်း ရှာပေးနိုင်တဲ့ Smart Tag လို့ ဖော်ပြထားပါတယ်။

Samsung Galaxy Smart Tag Bluetooth tracker details surface

Galaxy Smart Tag ကို ကုမ္ပဏီ မကြာခင်က ဖြန့်ချိခဲ့တဲ့ SmartThings Find လုပ်ဆောင်ချက်နဲ့ တွဲဖက် သုံးနိုင်မှာပါ။ မေးစရာ ရှိတာက ဖုန်း ပျောက်ရင် တည်နေရာကို ဘယ်လို ခြေရာခံမလဲ ဆိုတာပါ။ EI-T5300 ကို Bluetooth LE Device လို့ မှတ်ပုံတင်ထားတဲ့အတွက် UWB, LTE နဲ့ GPS တွေ မပါလာနိုင်ပါဘူး။

Galaxy Smart Tag မှာ Bluetooth 5.1 ပါလာမှာ ဖြစ်ပြီး Indoor Navigation နဲ့ Tags Tracking ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ နောက်မျိုးဆက် တည်နေရာ ခြေရာခံတဲ့ နည်းပညာကြောင့် Indoor မှာ ၄၀၀ မီတာနဲ့ Outdoor မှာ ၁၀၀၀ မီတာ အတွင်း အလုပ်လုပ်မှာပါ။ စွမ်းအင် စားသုံးမှုကလည်း အရမ်းကို သက်သာမှာပါတဲ့။

အနက်နဲ့ အဖြူ ၂ ရောင်ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပြီး ဈေးနှုန်း အနေနဲ့ ၁၅ ကနေ ၂၀ ယူရိုလောက်နဲ့ ရောင်းနိုင်ပါတယ်။ Galaxy Smart Tag ကို Galaxy S21 Series နဲ့အတူ နောက်လ ၁၄ ရက်နေ့မှာ ကြေညာနိုင်ပြီး သိပ်မကြာခင်မှာ ရောင်းနိုင်ပါတယ်။

Ref : gsmarena