[Zawgyi]

Samsung ဟာ လာမယ့္ စက္တင္ဘာေလာက္မွာ Galaxy Sport အမည္နဲ႔ စမတ္နာရီသစ္ကို မိတ္ဆက္ဖြယ္ရွိတယ္လို႔ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာလကုန္ပိုင္းေလာက္က သတင္းထြက္ခဲ့ပါတယ္။ ဒီစမတ္နာရီမွာ Tizen OS ကို အသုံးျပဳထားၿပီး Internal Storage ကလည္း 4GB အထိ ျဖစ္မယ္လို႔ ဆိုထားတာပါ။

ဇန္နဝါရီလဆန္းပိုင္းေလာက္တုန္းကေတာ့ GearSport အမည္နဲ႔ ႐ုပ္ပုံအခ်ိဳ႕ ထြက္ေပၚလာခဲ့ပါေသးတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Samsung ရဲ႕ စမတ္နာရီေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြက အေတာ္ေလးကို ၿငိမ္သက္သြားခဲ့ပါတယ္။ အခုေတာ့ Galaxy Sport Watch နာမည္နဲ႔ ထပ္ၿပီးထြက္လာျပန္ပါၿပီ။

ထြက္ေပၚလာတဲ့ ႐ုပ္ပုံအရ Galaxy Sport ကို အဝိုင္းပုံစံ ဖန္သားမ်က္ႏွာျပင္ဒိုင္ခြက္နဲ႔ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ေတြ႕ရတာကေတာ့ Physical Button ႏွစ္ခုပါ။ Galaxy Watch နဲ႔အတူတူပဲလို႔ေျပာရပါမယ္။ ကိုယ္ထည္ကေတာ့ သတၱဳနဲ႔ပဲ ျပဳလုပ္ထားတာျဖစ္ၿပီး အိမ္ေျမႇာင္ကြင္းကလည္း အလားတူ သတၱဳနဲ႔ပဲ ဆင္တူျပဳလုပ္ထားတဲ့ ပုံစံ ျဖစ္ပါတယ္။

Galaxy Sport ေမာ္ဒယ္နံပါတ္ SM-R500 ကိုေတာ့ လတ္တေလာအခ်ိန္မွာ ထိုင္ဝမ္၊ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔မွာ Certified ရၿပီးၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ ဒီစမတ္နာရီဟာ Bixby Reminders Feature ပါဝင္တဲ့ Samsung ရဲ႕ ပထမဆုံး စမတ္နာရီျဖစ္လာမယ္လို႔ သိရပါတယ္။

ဒီ Galaxy Spot မွာ RAM 4GB, Secure Payment အတြက္ NFC, Fitness Tracking အတြက္ GPS၊ Wi-Fi နဲ႔ Bluetooth ေတြအျပင္ IP Water Resistance စတာေတြ ပါဝင္မယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔ Galaxy Sport ကို သူတို႔ရဲ႕ Galaxy S10 Event ျဖစ္တဲ့ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ တစ္ပါတည္း ထုတ္ေဖာ္ျပသမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy Sport watch ရုပ်ပုံ ထွက်ပေါ်လာ

Samsung ဟာ လာမယ့် စက်တင်ဘာလောက်မှာ Galaxy Sport အမည်နဲ့ စမတ်နာရီသစ်ကို မိတ်ဆက်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းလောက်က သတင်းထွက်ခဲ့ပါတယ်။ ဒီစမတ်နာရီမှာ Tizen OS ကို အသုံးပြုထားပြီး Internal Storage ကလည်း 4GB အထိ ဖြစ်မယ်လို့ ဆိုထားတာပါ။

ဇန်နဝါရီလဆန်းပိုင်းလောက်တုန်းကတော့ GearSport အမည်နဲ့ ရုပ်ပုံအချို့ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ Samsung ရဲ့ စမတ်နာရီတွေနဲ့ ပတ်သက်တဲ့ သတင်းတွေက အတော်လေးကို ငြိမ်သက်သွားခဲ့ပါတယ်။ အခုတော့ Galaxy Sport Watch နာမည်နဲ့ ထပ်ပြီးထွက်လာပြန်ပါပြီ။

ထွက်ပေါ်လာတဲ့ ရုပ်ပုံအရ Galaxy Sport ကို အဝိုင်းပုံစံ ဖန်သားမျက်နှာပြင်ဒိုင်ခွက်နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ထပ်တွေ့ရတာကတော့ Physical Button နှစ်ခုပါ။ Galaxy Watch နဲ့အတူတူပဲလို့ပြောရပါမယ်။ ကိုယ်ထည်ကတော့ သတ္တုနဲ့ပဲ ပြုလုပ်ထားတာဖြစ်ပြီး အိမ်မြှောင်ကွင်းကလည်း အလားတူ သတ္တုနဲ့ပဲ ဆင်တူပြုလုပ်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။

Galaxy Sport မော်ဒယ်နံပါတ် SM-R500 ကိုတော့ လတ်တလောအချိန်မှာ ထိုင်ဝမ်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ Certified ရပြီးပြီလို့ သိရပါတယ်။ ဒါ့အပြင် ဒီစမတ်နာရီဟာ Bixby Reminders Feature ပါဝင်တဲ့ Samsung ရဲ့ ပထမဆုံး စမတ်နာရီဖြစ်လာမယ်လို့ သိရပါတယ်။

ဒီ Galaxy Spot မှာ RAM 4GB, Secure Payment အတွက် NFC, Fitness Tracking အတွက် GPS၊ Wi-Fi နဲ့ Bluetooth တွေအပြင် IP Water Resistance စတာတွေ ပါဝင်မယ်လို့ သိရပါတယ်။ Samsung အနေနဲ့ Galaxy Sport ကို သူတို့ရဲ့ Galaxy S10 Event ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တစ်ပါတည်း ထုတ်ဖော်ပြသမယ်လို့ ယူဆရပါတယ်။

Ref: GSMArena