[Zawgyi]

လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလလယ္ေလာက္က Geekbench ေပၚေရာက္ခဲ့တဲ့ Samsung Galaxy Tab A 8.0 (2019) ကိုေလးလခြဲေလာက္အၾကာမွာ တရားဝင္ မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ Snapdragon 429 SoC ကို 2GB of RAM နဲ႔ တြဲဖက္ထားၿပီး သိုေလွာင္မႈပမာဏကေတာ့ 32GB ျဖစ္ပါတယ္။

Samsung ဟာ Galaxy Tab A8.0 (2019) ရဲ႕ နည္းပါးတဲ့ သိုေလွာင္မႈအတြက္ microSD အသုံးျပဳႏိုင္ေအာင္စီစဥ္ထားၿပီး 512GB အထိ ထပ္မံခ်ဲ႕ထြင္ႏိုင္မွာလည္း ျဖစ္ပါတယ္။ 8-inch မ်က္ႏွာျပင္ဟာ 1280 x 800 pixel resolution ျဖစ္ၿပီး 16:10 အခ်ိဳးလည္း ျဖစ္ပါတယ္။ Stereo စပီကာေတြလည္း တပ္ဆင္ေပးထားၿပီး အေရွ႕ဘက္မွာ 2MP ကင္မရာနဲ႔ ေက်ာဘက္မွာေတာ့ 8MP ကင္မရာကို တပ္ဆင္ေပးထားပါတယ္။

ကိုယ္ထည္တည္ေဆာက္ပုံကေတာ့ ေခ်ာေမြ႕ေျပာင္လက္တဲ့ သတၱဳကိုယ္ထည္လို ဒီဇိုင္းမ်ိဳးျဖစ္ေအာင္ ျပဳလုပ္ထားတာပါ။ 8mm ထူၿပီး 345g ရွိတဲ့အတြက္ လက္တစ္ဘက္တည္းနဲ႔ ကိုင္တြယ္အသုံးျပဳရတာ သက္ေသာင့္သက္သာ ရွိတဲ့ အေနအထား ျဖစ္ပါတယ္။ ဘက္ထရီပိုင္းကေတာ့ 5,100 mAh ပမာဏကို တပ္ဆင္ေပးထားတာပါ။ Micro USB နဲ႔ အားသြင္းႏိုင္မွာျဖစ္ေပမယ့္ အားသြင္းစနစ္က ပုံမွန္အတိုင္းသာ ျဖစ္ပါတယ္။

Samsung Galaxy Tab A 8.0 (2019) ကို Black နဲ႔ Silver အေရာင္ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္ထားတာကိုလည္း ေတြ႕ရပါတယ္။ Samsung က Galaxy Tab A 8.0 (2019) ကို ေၾကညာလိုက္ေပမယ့္ ေဈးႏႈန္းကိုေတာ့ ထည့္သြင္းေၾကညာျခင္း မရွိေသးပါဘူး။

Ref: GSM Arena

[Unicode]

8-inch မျက်နှာပြင်၊ 5,100 mAh ဘက်ထရီနဲ့ Samsung Galaxy Tab A (2019) ကို ကြေညာလိုက်ပြီ

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်က Geekbench ပေါ်ရောက်ခဲ့တဲ့ Samsung Galaxy Tab A 8.0 (2019) ကိုလေးလခွဲလောက်အကြာမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Snapdragon 429 SoC ကို 2GB of RAM နဲ့ တွဲဖက်ထားပြီး သိုလှောင်မှုပမာဏကတော့ 32GB ဖြစ်ပါတယ်။

Samsung ဟာ Galaxy Tab A8.0 (2019) ရဲ့ နည်းပါးတဲ့ သိုလှောင်မှုအတွက် microSD အသုံးပြုနိုင်အောင်စီစဉ်ထားပြီး 512GB အထိ ထပ်မံချဲ့ထွင်နိုင်မှာလည်း ဖြစ်ပါတယ်။ 8-inch မျက်နှာပြင်ဟာ 12800×800 pixel resolution ဖြစ်ပြီး 16:10 အချိုးလည်း ဖြစ်ပါတယ်။ Stereo စပီကာတွေလည်း တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 2MP ကင်မရာနဲ့ ကျောဘက်မှာတော့ 8MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

ကိုယ်ထည်တည်ဆောက်ပုံကတော့ ချောမွေ့ပြောင်လက်တဲ့ သတ္တုကိုယ်ထည်လို ဒီဇိုင်းမျိုးဖြစ်အောင် ပြုလုပ်ထားတာပါ။ 8mm ထူပြီး 345g ရှိတဲ့အတွက် လက်တစ်ဘက်တည်းနဲ့ ကိုင်တွယ်အသုံးပြုရတာ သက်သောင့်သက်သာ ရှိတဲ့ အနေအထား ဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ 5,100 mAh ပမာဏကို တပ်ဆင်ပေးထားတာပါ။ Micro USB နဲ့ အားသွင်းနိုင်မှာဖြစ်ပေမယ့် အားသွင်းစနစ်က ပုံမှန်အတိုင်းသာ ဖြစ်ပါတယ်။

Samsung Galaxy Tab A 8.0 (2019) ကို Black နဲ့ Silver အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ Samsung က Galaxy Tab A 8.0 (2019) ကို ကြေညာလိုက်ပေမယ့် ဈေးနှုန်းကိုတော့ ထည့်သွင်းကြေညာခြင်း မရှိသေးပါဘူး။

Ref: GSM Arena