[Zawgyi]

ေမာ္ဒယ္နံပါတ္ SM-P205 အမည္ရွိ Tablet တစ္လုံးဟာ စြမ္းေဆာင္ရည္ကို စစ္ေဆးၿပီး ကိန္းဂဏန္းေတြနဲ႔ ေဖာ္ျပေပးေနတဲ့ Geekbench ဝက္ဆိုက္ေပၚကို မေန႔တုန္းက ဝင္ေရာက္လည္ပတ္သြားခဲ့တာ ျဖစ္ပါတယ္။ ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕ကေတာ့ အဆိုပါ Tablet ကို ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Samsung Galaxy Tab A 10.1 ရဲ႕ မ်ိဴးဆက္သစ္ Tablet ျဖစ္ႏိုင္ၿပီး၊ Galaxy Tab A (2019) လို႔ ကင္ပြန္းတပ္ႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုထားၾကပါတယ္။

Galaxy Tab A (2019) နဲ႔ ပတ္သတ္ၿပီး Geekbench ကေန တစ္ဆင့္ ထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ အဆိုပါ Tablet ဟာ Single-core Score မွာ ၁၃၂၉မွတ္ ရရွိထားၿပီး Multi-core Score မွာေတာ့ ၄၁၅၀မွတ္ ရရွိထားပါတယ္။ Processor အပိုင္းအတြက္ Galaxy Tab A 10.1 (2016) မွာ အသုံးျပဳခဲ့တဲ့ Exynos 7870 ထက္ စြမ္းေဆာင္ရည္ ပိုေကာင္းမယ့္ Exynos 7885 ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ RAM အေနနဲ႔ 3GB ပါဝင္ၿပီး Memory Storage ကိုေတာ့ 32GB ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ Memory Storage 64GB ပါတဲ့ ေမာ္ဒယ္လည္း ထြက္ရွိလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Galaxy Tab A (2019) ဟာ Stylus Pen နဲ႔အတူ ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုတာ့ သူရဲ႕ ေမာ္ဒယ္နံပါတ္ကို “P” ဆိုတဲ့ စကားလုံးနဲ႔ အစျပဳထားလို႔ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ Samsung Tablets ေတြက ေမာ္ဒယ္နံပါတ္မွာ “P” နဲ႔ အစျပဳထားတယ္ဆိုရင္ Stylus Pen ေတြ ပါဝင္ၾကပါတယ္။

Galaxy Tab A (2019) ရဲ႕ Firmware ဟာ လြန္ခဲ့တဲ့ လတုန္းက အင္တာနက္ေပၚမွာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အခုတစ္ခါမွာလည္း Geekbench ဝက္ဆိုက္ေပၚကို ေရာက္ရွိလာၿပီျဖစ္တဲ့အတြက္ Samsung အေနနဲ႔ Galaxy Tab A (2019) ကို သိပ္မၾကာခင္မွာ ပြဲထုတ္လာႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Geekbench ပေါ်ကို ဝင်ရောက်လည်ပတ်သွားတဲ့ Samsung Galaxy Tab A (2019)

မော်ဒယ်နံပါတ် SM-P205 အမည်ရှိ Tablet တစ်လုံးဟာ စွမ်းဆောင်ရည်ကို စစ်ဆေးပြီး ကိန်းဂဏန်းတွေနဲ့ ဖော်ပြပေးနေတဲ့ Geekbench ဝက်ဆိုက်ပေါ်ကို မနေ့တုန်းက ဝင်ရောက်လည်ပတ်သွားခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ အဆိုပါ Tablet ကို ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Samsung Galaxy Tab A 10.1 ရဲ့ မျိူးဆက်သစ် Tablet ဖြစ်နိုင်ပြီး၊ Galaxy Tab A (2019) လို့ ကင်ပွန်းတပ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Galaxy Tab A (2019) နဲ့ ပတ်သတ်ပြီး Geekbench ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် အဆိုပါ Tablet ဟာ Single-core Score မှာ ၁၃၂၉မှတ် ရရှိထားပြီး Multi-core Score မှာတော့ ၄၁၅၀မှတ် ရရှိထားပါတယ်။ Processor အပိုင်းအတွက် Galaxy Tab A 10.1 (2016) မှာ အသုံးပြုခဲ့တဲ့ Exynos 7870 ထက် စွမ်းဆောင်ရည် ပိုကောင်းမယ့် Exynos 7885 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ RAM အနေနဲ့ 3GB ပါဝင်ပြီး Memory Storage ကိုတော့ 32GB ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် Memory Storage 64GB ပါတဲ့ မော်ဒယ်လည်း ထွက်ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

Galaxy Tab A (2019) ဟာ Stylus Pen နဲ့အတူ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ သူရဲ့ မော်ဒယ်နံပါတ်ကို “P” ဆိုတဲ့ စကားလုံးနဲ့ အစပြုထားလို့ ဖြစ်ပါတယ်။ များသောအားဖြင့် Samsung Tablets တွေက မော်ဒယ်နံပါတ်မှာ “P” နဲ့ အစပြုထားတယ်ဆိုရင် Stylus Pen တွေ ပါဝင်ကြပါတယ်။

Galaxy Tab A (2019) ရဲ့ Firmware ဟာ လွန်ခဲ့တဲ့ လတုန်းက အင်တာနက်ပေါ်မှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတစ်ခါမှာလည်း Geekbench ဝက်ဆိုက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် Samsung အနေနဲ့ Galaxy Tab A (2019) ကို သိပ်မကြာခင်မှာ ပွဲထုတ်လာနိုင်ပါတယ်။

Ref : Gizmochina