Samsung Galaxy Tab A7 (2022) ကို ကြေညာဖို့နီးနေပြီလို့ ထင်ရပြီး Snoopy Tech က အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံနဲ့ အဓိက Specs တွေကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံအရ မျက်နှာပြင်ဘေးဘောင်တွေက ထူပြီး အနောက်ဘက်မှာ ကင်မရာ ၁ လုံးတည်း တပ်ဆင်ထားကာ Flash မပါလာပါဘူး။ ဒီဇိုင်းက ၂၀၂၀ ခုနှစ်မှာ ကြေညာခဲ့တဲ့ Galaxy Tab A7 10.4 နဲ့ ဆင်တူပါတယ်။

Samsung Galaxy Tab A7 (2022)

Samsung Galaxy Tab A7 (2022) မှာ TFT မျက်နှာပြင် ပါလာမှာဖြစ်ပြီး 1200x2000p Resolution ရှိမှာပါ။ Unisoc T618 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM ပါလာမှာပါ။ 32GB Storage တပ်ဆင်ထားမှာ ဖြစ်ပြီး microSD Card စိုက်နိုင်မှာပါ။ ဘက်ထရီက 7,040mAh ဖြစ်ပြီး အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ တပ်ဆင်ထားမှာပါ။

Samsung Galaxy Tab A7 Wifi Tablet 32GB 3GB Ram Black | Techinn

Chipset ကလွဲပြီး ကျန်တဲ့အရာ အားလုံးဟာ Galaxy Tab A7 10.4 (2020) နဲ့ တူညီပါတယ်။ မော်ဒယ်အဟောင်းမှာ Snapdragon 662 Chipset မောင်းနှင်ထားပါတယ်။ အခုပေါက်ကြားသတင်းအရ Samsung Galaxy Tab A7 (2022) ကို ၁၉၉ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၃၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ လက်ရှိမှာ တက်ဘလက် ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Samsung ဟာ ဩဂုတ်လမှာ Unpacked Event ကို ကျင်းပဖို့ ရှိပြီး Galaxy Z Flip 4, Galaxy Z Fold 4, Galaxy Watch 5 နဲ့ Galaxy Watch 5 Pro ကို ကြေညာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဩဂုတ်လ ၁၀ ရက်နေ့မှာ အဲဒီပွဲကို ကျင်းပမှာ ဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်နေ့မှာ အဲဒီ Device တွေကို ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina