Samsung က Galaxy Tab A7 Lite ရဲ့ Kids Edition ကို ရုရှားမှာ ရောင်းချပေးလိုက်ပါတယ်။ Samsung Galaxy Tab A7 Kids Edition လို့ နာမည်ပေးထားပြီး ဖျော်ဖြေရေး၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ Content များစွာ ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy Tab A7 Kids Edition launches in Russia full of branded entertainment content

မိဘတွေအတွက် Parental Control လုပ်ဆောင်ချက် အသစ်တွေ ပါလာပြီး ကလေး တက်ဘလက် အသုံးပြုတဲ့ အချိန်ကို ကန့်သတ်နိုင်ပါတယ်။ ကလေး ကြည့်ရှုတဲ့ Content တွေကို ထိန်းချုပ်နိုင်သလို Kid-friendly Interface ထည့်သွင်းထားပါတယ်။ Marusia အမည်ရ ဝက်ဝံ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါလာပြီး ကလေးတွေကို ပုံပြင်ပြောပြတာ၊ သီချင်းဆိုပြတာနဲ့ ဂိမ်းကစားပြတာတွေ ပြုလုပ်နိုင်ပါတယ်။

Samsung Galaxy Tab A7 Kids Edition launches in Russia full of branded entertainment content

ဖျော်ဖြေရေး အပိုင်းကို ပြောရရင် Samsung ဟာ နာမည်ကြီး ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားပြီး ပျော်စရာ ဗီဒီယိုများစွာ ပါတဲ့ Lego TV ပါပါတယ်။ Brio World Game , Pettson’s Inventions , Toca Boca Game နဲ့ Kikoriki Game တွေ ထည့်သွင်းထားပါတယ်။

Galaxy Tab A7 Kids Edition ရဲ့ အပြင်ဘက်ကို ပျော့ပြောင်းတဲ့ Protective Case နဲ့ ဖုံးအုပ်ထားပြီး အနောက်ဘက်မှာ ကြီးမားတဲ့ လက်ကိုင်ကွင်း ပါပါတယ်။ ၈.၇ လက်မ LCD 1340x800p မျက်နှာပြင် တပ်ဆင်ထားပြီး Helio P22T Chipset မောင်းနှင်ထားပါတယ်။ 3GB RAM နဲ့ 32GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 5,100mAh ဖြစ်ပြီး WiFi Only မော်ဒယ်ပဲ ထုတ်လုပ်ထားပါတယ်။

Samsung ရဲ့ ရုရှား Website နဲ့ မိတ်ဖက် စတိုးတွေမှာ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး ၁၅,၀၀၀ ရူဘယ် သတ်မှတ်ထားကာ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၃၆၀,၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena