Samsung Galaxy Tab A8 10.5 (2021) ရဲ့ သတင်းတွေထွက်နေတာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ အမြောက်အများ စတင် ထုတ်လုပ်မယ်လို့ ထင်ပါတယ်။ နောက်လမှာ ကြေညာနိုင်ပြီး Samsung ကတော့ အဲဒီ တက်ဘလက်အကြောင်း ဘာမှမပြောသေးပါဘူး။ အခုတော့ တက်ဘလက်ရဲ့ ဓါတ်ပုံအသစ်တွေထွက်လာပြီး အရောင် ၂ ရောင်ကို မြင်ရပါတယ်။

Samsung Galaxy Tab A8 10.5 2021's specs, price, and colorful official images leak

WinFuture က အဲဒီပုံတွေကို မျှဝေလိုက်တာ ဖြစ်ပြီး ပါဝါနဲ့ အသံခလုတ်တွေကို မိုက်ကရိုဖုန်း ၁ လုံးနဲ့အတူ ညာဘက်မှာ တပ်ဆင်ထားတာမြင်ရပါတယ်။ ဘယ်ဘက်မှာ SIM/microSD Card Slot ပါပါတယ်။ ထိပ်မှာ နောက်ထပ် မိုက်ကရိုဖုန်း ၁ လုံးနဲ့ စပီကာ ၂ ခုမြင်ရပြီး အောက်ခြေမှာ USB-C Port ၊ စပီကာ ၂ ခုနဲ့ 3.5mm Headphone Jack တွေ တပ်ဆင်ထားပါတယ်။

ပေါက်ကြားသတင်းအရ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို မျက်နှာပြင် ညာဘက်က ဘောင်မှာ ထည့်သွင်းထားပြီး မျက်နှာပြင်က ၁၀.၅ လက်မ FullHD+ LCD ဖြစ်ပါတယ်။ အနောက်ဘက်မှာ 8MP Main ကင်မရာ ၁ လုံး ပါလာပြီး 3 or 4GB RAM ထည့်သွင်းထားပါတယ်။ Unisoc Tiger T618 SoC မောင်းနှင်ထားပြီး Android OS Version  ကို မသိရသေးပါဘူး။ Geekbench က စာရင်းအရ Android 11 ပါလာနိုင်ပါတယ်။

7,040mAh ဘက်ထရီ တပ်ဆင်ထားပြီး အားသွင်းအမြန်နှုန်းကို မသိရသေးပါဘူး။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး LTE နဲ့ WiFi မော်ဒယ်တွေ ထုတ်လုပ်ထားမှာပါ။ Samsung Galaxy Tab A8 10.5 (2021) အတွက် အရောင် ၃ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး ဥရောပမှာ ၂၃၀ ယူရိုနဲ့ ရောင်းချနိုင်ပါတယ်။ မြန်မာငွေ ၄၆၀,၀၀၀ လောက်ကျသင့်မှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလလယ်မှာ ဝယ်ယူနိုင်မှာပါ။

Ref : gsmarena