Unicode

မျိုးဆက်သစ် 5G နက်ဝပ်ထွက်ပေါ်လာတာနဲ့အမျှ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကမ္ဘာ့ပထမဆုံး ဆိုတဲ့ ဂုဏ်ပုဒ်အတွက် တစ်ခါပြန်တိုက်ပွဲဝင်နေကြရပါပြီ။ Tablet ဈေးကွက်ဟာ 5G ပြိုင်ပွဲထဲမှာ အခုချိန်ထိ တိတ်ဆိတ်နေပေမယ့် Samsung ကတော့ သူတို့ရဲ့ Tab S6 ကို 5G ဗားရှင်းမြှင့်တင်လာပြီး ကမ္ဘာ့ပထမဆုံး 5G Tablet ဆိုတဲ့ နေရာကို ချိန်ရွယ်လာပြီ ဖြစ်ပါတယ်။

ယနေ့မှာတော့ Tab S6 5G အတွက် တရားဝင် Support Page ကို စတင်ထုတ်လွှင့်လာခဲ့ပြီး အချက်အလက်တွေ သေချာမမြင်ရသေးပေမယ့် မော်ဒယ်နံပါတ် SM-T866N ကိုတော့ ရှင်းလင်းစွာတွေ့ရမှာပါ။ ပုံမှန်အားဖြင့် တောင်ကိုရီးယား ဈေးကွက်မှာ အရင်မိတ်ဆက်လာပြီးမှ ကမ္ဘာ့ဈေးကွက်ထဲ ရောက်ရှိလာမှာဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Samsung ဟာ ကိုရီးယားဈေးကွက်မှာ မိတ်တောင်မဆက်ရသေးတဲ့ Tab S6 5G ကို ပရိုမိုးရှင်းအစီအစဉ်မှာပါ ထည့်သွင်းကြော်ငြာခဲ့တာပါပဲ။ Galaxy Tab S5e, Tab A တို့နဲ့အတူ Tab S6 ကိုလည်း ရိုးရိုးနဲ့ 5G ဗားရှင်းဆိုပြီး ထည့်ကြော်ငြာသွားခဲ့တာပါ။ Galaxy Tab S6 5G ကို “Coming Soon” လို့ ဖော်ပြသွားခဲ့တာကြောင့် Tab S6 5G ကို သိပ်မကြာခင် မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ Samsung ဟာ ပုံမှန် Tab S6 ရဲ့ ဒီဇိုင်းကိုပဲ S6 5G မှာ ပြန်သုံးမယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒါ့ကြောင့် 10.5” လက်မ Super AMOLED Display ကို ပြန်မြင်ရဦးမှာဖြစ်ပြီး In-display Fingerprint လည်း ပါလာမှာပါ။ မန်မိုရီက 6/128 GB ဗားရှင်းနဲ့ 8/256 GB ဖြစ်ပြီး ဘက္ထရီက 7.040 mAh တောင် ဖြစ်ပါတယ်။ 5G ဗားရှင်းဟာ Snapdragon 855 ကိုပဲ ပြန်သုံးလာတာတောင်ဖြစ်နိုင်ပြီး X50 5G Modem ကို ထည့်ပေါင်းလိုက်ရုံပါပဲ။

Ref – GSM Arena

Zawgyi

မ်ဳိးဆက္သစ္ 5G နက္ဝပ္ထြက္ေပၚလာတာနဲ႔အမွ် စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ကမာၻ႕ပထမဆုံး ဆုိတဲ့ ဂုဏ္ပုဒ္အတြက္ တစ္ခါျပန္တုိက္ပြဲဝင္ေနၾကရပါၿပီ။ Tablet ေစ်းကြက္ဟာ 5G ၿပိဳင္ပြဲထဲမွာ အခုခ်ိန္ထိ တိတ္ဆိတ္ေနေပမယ့္ Samsung ကေတာ့ သူတုိ႔ရဲ႕ Tab S6 ကို 5G ဗားရွင္းျမွင့္တင္လာၿပီး ကမာၻ႕ပထမဆုံး 5G Tablet ဆုိတဲ့ ေနရာကို ခ်ိန္ရြယ္လာၿပီ ျဖစ္ပါတယ္။

ယေန႔မွာေတာ့ Tab S6 5G အတြက္ တရားဝင္ Support Page ကို စတင္ထုတ္လႊင့္လာခဲ့ၿပီး အခ်က္အလက္ေတြ ေသခ်ာမျမင္ရေသးေပမယ့္ ေမာ္ဒယ္နံပါတ္ SM-T866N ကိုေတာ့ ရွင္းလင္းစြာေတြ႕ရမွာပါ။ ပုံမွန္အားျဖင့္ ေတာင္ကိုရီးယား ေစ်းကြက္မွာ အရင္မိတ္ဆက္လာၿပီးမွ ကမာၻ႕ေစ်းကြက္ထဲ ေရာက္ရွိလာမွာျဖစ္ပါတယ္။

ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းတာက Samsung ဟာ ကုိရီးယားေစ်းကြက္မွာ မိတ္ေတာင္မဆက္ရေသးတဲ့ Tab S6 5G ကို ပရုိမုိးရွင္းအစီအစဥ္မွာပါ ထည့္သြင္းေၾကာ္ျငာခဲ့တာပါပဲ။ Galaxy Tab S5e, Tab A တုိ႔နဲ႔အတူ Tab S6 ကိုလည္း ရုိးရုိးနဲ႔ 5G ဗားရွင္းဆုိၿပီး ထည့္ေၾကာ္ျငာသြားခဲ့တာပါ။ Galaxy Tab S6 5G ကို “Coming Soon” လို႔ ေဖာ္ျပသြားခဲ့တာေၾကာင့္ Tab S6 5G ကို သိပ္မၾကာခင္ မိတ္ဆက္လာေတာ့မယ္လို႔ ယူဆရပါတယ္။

ဒီဇုိင္းပိုင္းမွာေတာ့ Samsung ဟာ ပုံမွန္ Tab S6 ရဲ႕ ဒီဇုိင္းကိုပဲ S6 5G မွာ ျပန္သုံးမယ္ဆုိတာ ေပၚလြင္ေနပါတယ္။ ဒါ့ေၾကာင့္ 10.5” လက္မ Super AMOLED Display ကို ျပန္ျမင္ရဦးမွာျဖစ္ၿပီး In-display Fingerprint လည္း ပါလာမွာပါ။ မန္မုိရီက 6/128 GB ဗားရွင္းနဲ႔ 8/256 GB ျဖစ္ၿပီး ဘကၳရီက 7.040 mAh ေတာင္ ျဖစ္ပါတယ္။ 5G ဗားရွင္းဟာ Snapdragon 855 ကုိပဲ ျပန္သုံးလာတာေတာင္ျဖစ္ႏုိင္ၿပီး X50 5G Modem ကို ထည့္ေပါင္းလုိက္ရုံပါပဲ။

Ref – GSM Arena