[Unicode]

Samsung Galaxy Tab S6 ဟာ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက ကြေညာခဲ့တာပါ။ ဒီတုန်းကထွက်ခဲ့တာက 4G အမျိုးအစားပဲဖြစ်ပြီး 5G အမျိုးအစား ထပ်ထွက်လာဦးမယ်လို့ပြောခဲ့ပေမယ့် အနည်းငယ် ကျန့်ကြာနေခဲ့ရာကနေ အခုတော့ Galaxy Tab S6 အတွက် သတင်းအချို့ထွက်ပေါ်လာပါပြီ။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Galaxy Tab S6 5G လို့ယူဆရတဲ့ Tablet တစ်ခုကို Wi-Fi နဲ့ Bluetooth certifications ရတာကို တွေ့ခဲ့ပါတယ်။ ဒီတုန်းကမြင်တွေ့ရတဲ့မော်ဒယ်နံပါတ်က SM-T866N ဖြစ်ပါတယ်။ “N” ဟာ တောင်ကိုရီးယားအတွက် ရည်ညွှန်းထားတာပါ။ အခုတော့ တောင်ကိုရီးယားရဲ့ NRRA (National Radio Research Agency) ကြောင့် အတည်ပြုနိုင်ခဲ့ပါပြီ။

အခုမြင်တွေ့ရတာမှာလည်း မော်ဒယ်နံပါတ်က အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် Galaxy Tab S6 5G ဟာ ကမ္ဘာ့ပထမဆုံး 5G ချိတ်ဆက်အသုံးပြုနိုင်တဲ့ Tablet ဖြစ်လာဖွယ်ရှိပါတယ်။ မော်ဒယ်နံပါတ်ရဲ့ အဆုံးမှာ ပါဝင်နေတဲ့ “N” အက္ခရာဟာ တောင်ကိုရီးယားဈေးကွက်အတွက် သီးသန့်ပဲ ရည်ညွှန်းတာကြောင့် နိုင်ငံတကာဈေးကွက်ကို ဘယ်လိုဖြန့်လာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

ဖြစ်နိုင်ခြေရှိတာကတော့ Samsung Galaxy Tab S6 5G ကို တောင်ကိုရီးယား ဈေးကွက်မှာပဲ အရင်ဖြန့်ဖို့လုပ်နေတာပါ။ ရိုးရိုး သာမန်အမျိုးအစား Samsung Galaxy Tab S6 လိုမျိုး 10.5-inch Super AMOLED QHD+ မျက်နှာပြင်၊ Quad စပီကာ၊ 7,040mAh ဘက်ထရီ စတာတွေပဲ ပြန်လည်အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကျန်တဲ့အချက်အလက်တွေ သိရဖို့ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

တောင်ကိုရီးယားမှာ Certification ရသွားပြီဖြစ်တဲ့ Samsung Galaxy Tab S6 5G





Ref: GSM Arena