Unicode

Samsung ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ Wi-fi နဲ့ 4G ချိတ်ဆက်နိုင်တဲ့ Galaxy Tab S6 ကို ကြေညာခဲ့ပြီးသားပါ။ ဒါပေမယ့် မကြာသေးခင်က ခေတ်စားလာတဲ့ 5G နက်ဝပ်အတွက် ဗားရှင်းအသစ် ထပ်ထွက်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ယနေ့မှာ Galaxy Tab S6 5G ဗားရှင်းရဲ့ Specs Sheet ပုံရိပ်ထွက်ပေါ်လာခဲ့ပြီး တကယ်အစစ်အမှန်သာဆိုရင် မူရင်း Tab S6 နဲ့ အပြင်ရော အတွင်းပါ လုံးဝနီးပါး တူညီတဲ့ တက်ဘလက်တစ်ခုကို ထပ်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ကွာခြားချက်က Snapdragon X50 Modem သာ ဖြစ်သွားမှာပါ။

Galaxy Tab S6 မှာ Snapdragon 855 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Leak ဖြစ်လာတဲ့ ဓါတ်ပုံအရဆိုရင် မန်မိုရီက 6/128 GB နဲ့ 8/256 GB နှစ်မျိုး ရောင်းချလာမှာဖြစ်ပါတယ်။ နောက်ဘက်မှာ ကင်မရာနှစ်လုံးပါပြီး 13MP အဓိက Sensor နဲ့ 5MP Ultra-wide တို့ပါ။

ဘာပဲဖြစ်ဖြစ် ဒီတက်ဘလက်ထွက်လာတာနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံး 5G Tablet ဘွဲ့ထူးကို ရရှိသွားမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ တောင်ကိုရီးယားပြည်တွင်းဈေးကွက်မှာပဲ မိတ်ဆက်လာမယ်လို့ ယူဆရပြီး အမေရိကန်၊ ဥရောပ အပါအဝင် နိုင်ငံတကာဈေးကွက်ကို နောက်မှ တဖြေးဖြေးချင်း ဖြန့်ကျက်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref – GSM Arena

Zawgyi

Samsung ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ Wi-fi နဲ႔ 4G ခ်ိတ္ဆက္ႏုိင္တဲ့ Galaxy Tab S6 ကို ေၾကညာခဲ့ၿပီးသားပါ။ ဒါေပမယ့္ မၾကာေသးခင္က ေခတ္စားလာတဲ့ 5G နက္ဝပ္အတြက္ ဗားရွင္းအသစ္ ထပ္ထြက္မွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ယေန႔မွာ Galaxy Tab S6 5G ဗားရွင္းရဲ႕ Specs Sheet ပုံရိပ္ထြက္ေပၚလာခဲ့ၿပီး တကယ္အစစ္အမွန္သာဆုိရင္ မူရင္း Tab S6 နဲ႔ အျပင္ေရာ အတြင္းပါ လုံးဝနီးပါး တူညီတဲ့ တက္ဘလက္တစ္ခုကို ထပ္ေတြ႕ရမွာျဖစ္ပါတယ္။ သူ႕ရဲ႕ အဓိက ကြာျခားခ်က္က Snapdragon X50 Modem သာ ျဖစ္သြားမွာပါ။

Galaxy Tab S6 မွာ Snapdragon 855 ခ်စ္ပ္ဆက္ကုိ အသုံးျပဳထားၿပီး Leak ျဖစ္လာတဲ့ ဓါတ္ပုံအရဆုိရင္ မန္မုိရီက 6/128 GB နဲ႔ 8/256 GB ႏွစ္မ်ဳိး ေရာင္းခ်လာမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာ ကင္မရာႏွစ္လုံးပါၿပီး 13MP အဓိက Sensor နဲ႔ 5MP Ultra-wide တုိ႔ပါ။

ဘာပဲျဖစ္ျဖစ္ ဒီတက္ဘလက္ထြက္လာတာနဲ႔ ကမာၻေပၚမွာ ပထမဆုံး 5G Tablet ဘြဲ႕ထူးကို ရရွိသြားမွာ ျဖစ္ပါတယ္။ အစပုိင္းမွာ ေတာင္ကိုရီးယားျပည္တြင္းေစ်းကြက္မွာပဲ မိတ္ဆက္လာမယ္လို႔ ယူဆရၿပီး အေမရိကန္၊ ဥေရာပ အပါအဝင္ ႏုိင္ငံတကာေစ်းကြက္ကို ေနာက္မွ တေျဖးေျဖးခ်င္း ျဖန္႔က်က္လာမယ္လို႔ ယုံၾကည္ရပါတယ္။

Ref – GSM Arena