Samsung ကနေ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ OneUI 2.5 ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ OneUI 2.5 ကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Galaxy Note 10 Series နဲ့ S10 Series ဖုန်းတွေအတွက် Update ထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Galaxy Tab S6 Tablet အတွက်ပါ OneUI 2.5 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OneUI 2.5 Update နဲ့အတူ Android Security Patch ကလည်း September 2020 Update ရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ OneUI 2.5 Update မှာ Feature အသစ်တွေအနေနဲ့ Edge Panel ၊ Voice Recorder ၊ AR Zone ၊ Wireless DeX နဲ့ Multi-Window ပိုင်းမှာ အဆင့်မြှင့်တင်ပေးထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော Device တွေမှာ ချိတ်ဆက်ထားတဲ့ Wi-Fi Password ကိုလည်း Request ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Galaxy Tab S6 အတွက် OneUI 2.5 Update ဟာ လောလောဆယ်မှာ Germany နိုင်ငံအတွက် အရင်ဆုံးထွက်ရှိထားပြီးတော့ Wi-Fi နဲ့ LTE Model ၂ မျိုးလုံးအတွက် ထွက်ရှိထားတာဖြစ်ပါတယ်။ Firmware Number တွေအနေနဲ့ကတော့ T860XXU3BTI2 နဲ့ T865XXU4BTI1 ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ Region တွေအတွက် Software Update ကိုလည်း မကြာခင်ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena