Samsung Galaxy Tab S6 Lite ကို ဥရောပမှာ မရောင်းရသေးပေမယ့် ဗြိတိန်က Argos စတိုးရဲ့ ဝက်ဘ်ဆိုက်မှာ အဲဒီ တက်ဘလက်ကို မကြာခင် ရောင်းတော့မယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံတွေကိုလည်း ပြသထားပြီး Book Cover နဲ့ S Pen Sytlus တွေကိုလည်း မြင်ရပါတယ်။ အဲဒီ Accessory တွေကို ဘူးထဲမှာ ထည့်ပေးထားမယ်လို့ ထင်ရပါတယ်။

ဒါ့အပြင် တက်ဘလက်ရဲ့ အရောင် ၂ မျိုးကို ပြသထားပြီး Oxford Grey နဲ့ Agora Blue တို့ ဖြစ်ပါတယ်။ S Pen ကိုလည်း အဲဒီ အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Tab S6 Lite မှာ ၁၀.၄ လက်မ LED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး FHD+ Resolution ထောက်ပံ့ထားမှာပါ။

အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာတွေ တပ်ဆင်ထားပြီး Exynos 9611 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 7,040mAh ဘက်ထရီ ထည့်သွင်းထားပြီး နားကြပ်ပေါက်ပါလာမှာပါ။

တက်ဘလက်ရဲ့ အရွယ်အစား အပြည့်အစုံမှာ 244.5 x 154.3 x 7mm ဖြစ်ပြီး ၄၆၇ ဂရမ် အလေးချိန်ရှိပါတယ်။ 64GB WiFi Version ကို ၃၃၉ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်းလောက်ရှိပါတယ်။  128GB Version လည်း ထွက်လာနိုင်ပါတယ်။

Ref : gsmarena