Samsung Galaxy Tab S6 Lite ကို အမေရိကန်မှာ ရောင်းပေးထားပါတယ်။ အဲဒီအချိန်တုန်း ဥရောပ ရောင်းဈေးကို မသိခဲ့ရပါဘူး။ ယူရို ၃၉၉ (မြန်မာငွေ ၆ သိန်း ၂ သောင်းလောက်)နဲ့ ရောင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Roland Quandt က စွမ်းရည်သင့် Samsung တက်ဘလက်ရဲ့ ဥရောပ ရောင်းဈေးတွေကို မျှဝေလိုက်ပါတယ်။

64GB Storage WiFi Version ကို ၃၇၉ ယူရိုနဲ့ LTE Version ကို ၄၃၉ ယူရို သတ်မှတ်ထားမှာ ဖြစ်ပြီး မြန်မာငွေ မြန်မာငွေ ၅ သိန်း ၈ သောင်းနဲ့ ၆ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ ဥရောပမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Samsung Galaxy Tab S6 Lite မှာ ၁၀.၄ လက်မ FHD+ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Samsung ရဲ့ နာမည်ကျော် S Pen Stylus ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ S Pen နဲ့ အရွယ်ကြီး တက်ဘလက်မှာ ပုံဆွဲ၊ စာရေးတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အရှေ့ဘက်မှာ 5MP နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးစီ ထည့်သွင်းထားမှာ ဖြစ်ပြီး Exynos 9611 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 4GB RAM နဲ့ 7,040mAh ဘက်ထရီတွေ ပါလာမှာပါ။

Ref : gsmarena