Samsung ဟာ Galaxy Tab S6 ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မိတ်ဆက်ပြီး ဒီနှစ် ဇန်နဝါရီမှာ Galaxy Tab S6 5G ကို တောင်ကိုရီးယား ဈေးကွက်မှာ မိတ်ဆက်ခဲ့ပါတယ်။ သူတို့ရဲ့နောက်မှာတော့ Galaxy Tab S6 Lite ထွက်လာမှာပါ။ ဒါပေမယ့် Galaxy Tab S6 Lite နဲ့ပတ်သက်တဲ့သတင်းတွေက သိပ်များများစားစားတော့ ထွက်နေတာမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်တုန်းက Galaxy Tab S6 Lite ကို မော်ဒယ်နံပါတ် SM-P615 နဲ့အတူ Bluetooth certification ရသွားတာကို မြင်ခဲ့ရပါတယ်။ အခုတော့ ထိုင်းနိုင်ငံ NCC အသိအမှတ်ပြု အချက်အလက်တွေမှာ Galaxy Tab S6 Lite ကို ထပ်ပြီးတွေ့ရပါတယ်။ မော်ဒယ်နံပါတ် SM-P615 ပဲဖြစ်ပါတယ်။

ထိုင်း NCC မှာတော့ Galaxy Tab S6 Lite ဟာ 2.4GHz Wi-Fi ဆက်သွယ်မှု အကြောင်းဖော်ပြထားတာကလွဲရင် ကျန်တဲ့ ပုံရိပ်တွေ၊ အချက်အလက်တွေကို ဘာတစ်ခုမှ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါကြောင့် Galaxy Tab S6 Lite နဲ့ပတ်သက်တဲ့ အချက်အလက်ကို Geekbench မှာ တွေ့ရသလောက်ပဲ သိရဦးမှာ ဖြစ်ပါတယ်။

Geekbench အရ Galaxy Tab S6 Lite ဟာ Exynos 9611 SoC အသုံးပြုထားပြီး 4GB of RAM နဲ့ တွဲဖက်ထားပါတယ်။ Android 10 မောင်းနှင်ထားပြီး Single-Core 346 မှတ်၊ Multi-Core 1259 မှတ် ရရှိထားပါတယ်။ နောက်ထပ်ထွက်လာတဲ့ သတင်းကတော့ S Pen stylus နဲ့ 64GB/128GB ဗားရှင်းလည်း ရှိလာဦးမယ် ဆိုတာပါပဲ ဖြစ်ပါတယ်။

Ref: GSM Arena